Unicode
ဒီအခိုက်အတန့်လေးမှာအသက်ရှင်ချင်နေတဲ့ကျိချင်းကျိုးသည် ချူချန်စကားမပြောရသေးခင်မှာဘဲ ဖန်ယောင်ရွှမ်းရဲ့ဖုန်းကို ချလိုက်ပြီး ထိုနံပါတ်အားအမည်ဆိုးစာရင်းထဲသွင်းပလိုက်သည်။
"အနှောက်ယှက်ကတစ်မျိုး!"
ကျိချင်းကျိုးပြောလိုက်သည်။
" ဒါ ဘယ်သူလဲ? ကျွန်တော်လုံးဝရှင်းရှင်းလင်းလင်းပြောထားပြီးသားကို...ဘာလို့ကျွန်တော့်ကိုဖုန်းလာခေါ်နေတာလဲ။စိတ်ရှုပ်ဖို့ကောင်းလွန်းတယ်"
သူအသံ ရပ်သွားရုံရှိသေးတယ် WeChat မှဖန်ယောင်ရွမ်းရဲ့ video call ခေါ်ဆိုမှုအသံ ထွက်ပေါ်လာခဲ့သည်။ချူချန်သည် ဖုန်းကို တည်ငြိမ်စွာစိုက်ကြည့်နေခဲ့၏။
ကျိချင်းကျိုးတစ်ယောက် ဘာစကားမျှတောင်ပြောမနေတော့ဘဲ ထပ်ပြီးဖုန်းချပလိုက်သည်။
သူ့ရဲ့သူငယ်ချင်းစာရင်းထဲကပါထုတ်လိုက်ပြီး တစ်ချိန်တည်းမှာဘဲ ပြုံးပြလိုက်သည်။"ရှင်းလိုက်ပြီနော်"
"ဟုတ်လား"
"ဟုတ်တယ်လေ ကျွန်တော်ကတိပေးပါတယ်"
ချူချန်က ဖုန်းပြန်ပေးလာသည် ။
"ဒါပေမယ့် မင်းတို့လိုလူတွေကို ငါသိပ်မယုံကြည်သေးဘူး။မင်းနဲ့ဖန်ယောင်ရွှမ်းသာ ထွက်ပြေးသွားရင်
ပိုက်ဆံရော၊မင်းရော တကယ်ဆုံးရှုံးလိုက်ရမှာက ငါပဲလေ။အရင်ဆုံး အိပ်လိုက်တာက ပိုကောင်းပါတယ်"သူသည် ကျိချင်းကျိုးအား အိပ်ရာပေါ်ဆွဲချပြီး ဖိထားလိုက်သည်။ ကျိချင်းကျိုးကမူ အိပ်ရာပေါ်ကလှိမ့်ချဖို့ အတင်းကိုတွန်းထိုးရုန်ကန်နေသည်။
"မကောင်းပါဘူး ...ခင်ဗျားအခုဘဲသဘောတူထားတယ်လေ"
"ငါ့စကား ငါပြန်ရုတ်သိမ်းတယ်"
"ခင်ဗျားနာမည်ကို လွယ်လွယ်လေးဟာသလုပ်လိုက်မို့လား"
ကျိချင်းကျိုးသည် သူ့ကိုတွန်းဖယ်နေရင်းဖြင့်
"အခုပဲကတိပေးထားတယ်!ခင်ဗျားအခုပဲကတိပေးထားတယ်လေ!ဖန်ယောင်ရွှမ်းဆီကဟာတွေဖျက်ပစ်လိုက်တာ ခင်ဗျားမြင်လိုက်ရဲ့သားနဲ့ ခွင့်မပြုနိုင်....."

أنت تقرأ
ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]
عاطفيةType Web Novel (CN) Genre Comedy Drama Romance Yaoi Author(s) Lin Ang Si 林盎司 Status in COO 167 chapters + 47 extras (completed) Gong - ချူချန် Shou - ကျိချင်းကျိုး ချူချန် × ကျိချင်းကျိုး This isn't my own work.I just translate.Fully credit to origi...