{1}

67.9K 2.5K 169
                                    

Unicode


What the f**k!

ကျိချင်းကျိုးသည် သူ့ခြေထောက်အောက်မှလူတွေကိုကြည့်ပြီး သေခြင်းအစွန်ဖက်ကိုရောက်နေတဲ့သူ့ဘယ်ခြေထောက်လေးအားပြန်ရုတ်လိုက်သည်။
သူက ဆောင်ထုတ်ပြတင်းပေါက်ပေါ်မှာကျူးကျူးကျော်ကျော်နဲ့ဆောင့်ကြောင့်ထိုင်နေပြီး အောက်ကိုငုံ့ကြည့်ကာ သူ့ရင်ဘက်ကိုပုတ်လိုက်မိတယ်။
ကံကောင်းလို့မပြုတ်ကျတာ...မဟုတ်ရင်တော့ မနက်ဖြန်မနက်ရောက်တာနဲ့ UDရဲ့ထိပ်စီးပိုင်းမှာဒီလိုပါလာလိမ့်မယ်

"အံ့ဩဖို့ကောင်းလိုက်တာ! လူငယ်လေးတစ်ယောက်က လူထုကြားထဲမှာဘဲအဆောက်အဦး‌ကနေခုန်ချသွားတယ်။
ကိုယ်ကျင့်တရားကိုဆုံးရှုံးရလို့လား ဒါမှမဟုတ် လူသဘောတရားတွေပျက်စီးကုန်လို့လား"

ကျိချင်းကျိုးတစ်ယောက် ကူကယ်ရာမဲ့စွာသက်ပြင်းချလိုက်မိသည်။သူတုံ့ပြန်တာမြန်ပေလို့ပေါ့။
နေဦး သူကဘာလို့ ဒီမှာရှိနေတာလဲ?

သူ အိမ်မှာအိပ်နေခဲ့တာမဟုတ်လား?

ဘာလို့ရုတ်တရက်ကြီးပြတင်းပေါက်မှာပေါ်လာပြီး အဆောက်အဦးကနေခုန်ချနေရတာလဲ?

အိပ်မက်မက်နေတာများလား?

ကျိချင်းကျိုးက သူ့လက်မောင်းသူဆွဲဆိတ်ပြီး ရှူးရှူးရှဲရှဲတွေဖြစ်ကုန်တယ်။နာတယ်ဟ....ဒါဆိုအိပ်မက်မဟုတ်ဘူးပဲ။ ဒါက......?

သူ့ခေါင်းကိုလှည့်ပြီး အခန်းပတ်ပတ်လည်ကိုကြည့်လိုက်သည်။ဟိုတယ်ခန်းထဲက ဆိုဖာပေါ်တွင် လက်ပိုက်ပြီးသူ့ကိုကြည့်နေတဲ့လူငယ်တစ်ယောက် ထိုင်နေတာကိုမြင်လိုက်ရတယ်။ထိုလူကအရမ်းချောတာပဲ။အသက်ကလည်းတော်တော်ငယ်တဲ့ပုံပဲ။သူကြည့်နေတာကိုမြင်တော့ ထိုလူက "ဟွန်း"ခနဲအသံပြုကာ လှောင်ပြုံးတစ်ခုဖြင့်ပြောလာခဲ့သည်။

"ခုန်ချလေ...မင်းခုန်ချလိုက်တာနဲ့ငါကမင်းကိုလေးစားပေးမှာပါ။စိတ်မပူနဲ့...မင်းချေးထားတဲ့အကြွေးတွေကိုလျော်ပေးရုံတင်မဟုတ်ဘူး မင်းအမေကိုပါ ကောင်းကောင်းဂရုစိုက်ပေးမှာ...ခုန်ချလိုက်"

ကျိချင်းကျိုး "???"

အခုကဘာအခြေအနေကြီးလဲ??
အဲ့တာက ဘယ်သူလဲ?

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now