{119}

4.5K 862 26
                                    

Unicode

ကျိချင်းကျိုး နည်းနည်း ပင်ပန်းမိ၏။‌ဒီနေ့လည်ပဲ ရှန်းဝမ့်ရှီကို ငြင်းထားခဲ့ပြီးပြီကို ညနေဘက်ကျ ရှန်းဝမ့်ရှီနှင့် hot search ထဲဝင်လာသည်တဲ့။သူနာမည်ကြီးချင်လို့ ဝယ်လိုက်တယ်ဆိုပြီး ရှန်းဝမ့်ရှီထင်မလား သူမသိတော့ပါ။

"ပြန်ချလိုက်ပါ ကျွန်တော်အဲ့ကားမှာ သရုပ်ဆောင်မှာ မဟုတ်တဲ့အတွက် မသင့်တော်ဘူး"

"ကျိုးကောလည်း အဲ့လိုထင်ပုံရတယ် အဲ့ကိစ္စနဲ့ပတ်သက်ပြီး ဖုန်းဆက်ပြောပြီးပြီ။ပြန်တင်တဲ့လူတွေတအားများနေတာမို့ ပရမ်းပတာတွေတော့ ဖြစ်သွားလိမ့်မယ်တဲ့"

ကျိချင်းကျိုးလည်း ဒီကိစ္စကို ရှန်းဝမ့်ရှီအား ရှင်းပြသင့်ကြောင်း တွေးလိုက်သည့်တိုင် ကျိုးချန်ဖုန်းရောက်လာသည်နှင့်ကြုံ၏။။

"မင်း hot search တွေ့ပြီးပြီလား"

ကျိချင်းကျိုး ခေါင်းညိမ့်ပြလိုက်တယ်။

"ကော ပြန်ချလိုက်ပြီမလား"

"အင်း ပြန်ချပြီးသွားပြီ။ခဏနေရင် ရှန်းဝမ့်ရှီကို သွားရှင်းပြလိုက်မယ်။မင်း ဒါနဲ့ ပတ်သက်ပြီး စိတ်မပူနဲ့ တော့"

"အင်း"

သူပြောမှပဲ ကျိချင်းကျိုး စိတ်အေးတော့သည်။ဖုန်းထုတ်၍ ဆွေးနွေးနေကြသည်အားကြည့်လိုက်သည်။ သူတို့ရှိနေသည့် ကော်ဖီဆိုင်ဘေး၌ ရိုက်ကွင်းတစ်ခုရှိနေကြောင်း လူတစ်ယောက်က ရှာတွေ့သွားလေသည်။ဒါကို ရှန်းဝမ့်ရှီရဲ့ ရိုက်ကူးရေးလား သူတို့ရိုက်ကူးရေးလားဆိုပြီး သူက အရမ်းသိချင်သွားတာပင်။

အင်တာနက်အသုံးပြုသူတွေလည်း အကျိုးအကြောင်းသင့်တယ်ထင်ကြကာ စ၍ ထင်ကြေးတွေပေးနေကြတာဖြစ်သည်။ကျိချင်းကျိုးကတော့ ရိုးရိုးရှင်းရှင်းပဲ ပြောချင်တော့သည်။

"မဟုတ်သေးပါဘူး...မခန့်မှန်းကြပါနဲ့....ဒီအချိန်ကိူ ဒါရိုက်တာနဲ့ အဖွဲ့က အခွင့်ကောင်းယူပြီး သူအခုရိုက်ကူးနေတဲ့ "On Earth" ရုပ်ရှင်အား တရားဝင်ကြေငြာချက်တစ်ခု ဗြုန်းစားထုတ်လိုက်ကြမှာ"

သိပ်မဝေးသည့် ဟိုတယ်တစ်ခုထဲမှ အနားယူရန်ပြင်ဆင်နေသည့် ရှန်းဝမ့်ရှီမှာ Weiboက comment တွေကိုကြည့်ပြီးနောက် ကျိုးချန်ဖုန်းပို့လာတဲ့ စာကိုကြည့်လိုက်ကာ တီးတိုးရေရွတ်လိုက်သည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now