{125}

4K 700 39
                                    

Unicode>>>

ကျိချင်းကျိုး စကားမပြောတော့။မေးလိုက်တဲ့အချိန်တိုင်း သူကပဲ အလျင်လိုနေသလိုကြီး ခံစားနေရလို့လေ။

စကား‌မ‌ဆိုတော့သည့် သူ့ကြောင့် ချူချန်က နွေးထွေးစွာပြုံးကာဖြင့် သူ့နဖူးထက် အနမ်းခြွေသည်။

“မနက်ဖြန်ရုပ်ရှင်ကြည့်ပြီးရင် ကိုယ် မင်းကို ခေါ်သွားချင်တဲ့ နေရာတစ်ခုရှိတယ်”

“ဘယ်ကိုလဲ?”

“ကိုယ်တို့မိသားစုပိုင်ဗီလာတစ်ခုပါ”

“အော” ကျိချင်းကျိုးသဘောတူတဲ့အသံပြုလိုက်သည်။

ချူချန်က ခေါင်းငုံ့၍ သူ့နှုတ်ခမ်းအား ညင်သာစွာ ဖိကပ်နမ်းလာသည်။

“မနက်ဖြန်က ဒီဇင်ဘာ၃၁ရက်နေ့”

သူက နမ်းရင်း ‌နှစ်ကိုယ်ကြားရုံဆို၏။

“နှစ်ဟောင်ကုန်ပြီး နှစ်သစ်စတဲ့အချိန်မှာမှ မင်းနဲ့ ကိုယ့်ရဲ့ ဆက်ဆံရေးအသစ်ကို တည်ဆောက်ချင်တာမို့ပါ။နော်”

ကျိချင်းကျိုးတစ်ယောက် သဘောပေါက်သွားကာ ရှက်ရွံ့စွာခေါင်းညိမ့်ပြလိုက်သည်။

“အင်း”

ချူချန်သည် ချော့သိပ်တဲ့အနမ်းလေး သူ့ကို ပေးလိုက်ကာ-

“ကျေးဇူးပါ”

ကျိချင်းကျိုးလည်း ပြန်ဖက်လိုက်ကာ ဘာမှ မပြောဖြစ်တော့ပေ။ ချူချန်လက်မောင်းထက် သူမှီထားနေပေမယ့် စိတ်တွေကတော့ မနက်ဖြန်ကိုသာ ရောက်နေသည်။ ချူချန်နဲ့အတူရှိရမယ့် အနာဂတ်ကို သူလိုချင်တောင့်တပါသည်။သူတို့ရဲ့ ပျော်ရွှင်ဖွယ်အနာဂတ်အတွက် မျှော်လင့်ချက်တွေ ပြည့်နေပြီဖြစ်သည်။

နောက်နေ့နေ့လည်မှာတော့ ချူချန်နှင့်အတူ ကျိချင်းကျိုးတို့ 《 ကြေကွဲဖွယ်အလင်းတစ်စ》ကို တူတူကြည့်ကြသည်။《 ကြေကွဲဖွယ်အလင်းတစ်စ》ရဲ့ ရိုက်ချက်တွေ က ကောင်းမွန်လှပြီး လျန်ကျင်းရှင်ရဲ့ သရုပ်ဆောင်စကေးကလည်း ပြောင်ပြောင်မြောက်မြောက်ပင် ။ ဇာတ်ကားထဲမှ လင်းလော့ဖုန်းရဲ့ ဘဝအနိမ့်အမြင့်အလှည့်အပြောင်းဖြစ်သည့်  ညီလေးရဲ့ သေဆုံးမှုကို တွေ့ရှိရပြီးနောက် သူ့ရဲ့ ပူဆွေးဝမ်းနည်းမှုတွေ၊ဖြေမဆည်နိုင်စွာ အော်ဟစ်ငိုကြွေးမှုတွေကို ကြည့်ရှုရသည် ။ လင်းလော့ဖုန်း အရက်‌တွေမူးပြီး သူ့ညီလေး လင့်လော့ယန်ကို အိပ်မက်မက်သည့်အချိန် ရုပ်ရှင်ရုံတစ်ခုလုံး ငိုရှိုက်သံ‌တွေပြည့်သွား၏။ကျိချင်းကျိုးကလည်း မျက်လုံးတွေနီရဲပြီး ငိုနေလေသည်။ နောက်ဆုံး လင်းလော့ဖုန်းတစ်ယောက် လူသတ်သမားကို ဖမ်းမိပြီး သူ့ညီလေးအတွက် နောက်ဆုံးခရီးပို့ဆောင်ပေးသည့်အချိန်မှသာ သူ့ခံစားချက်တွေ ပိုကောင်းလာသည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now