{109}

5K 943 81
                                    


Unicode

ဖန်ကျယ်ကတကယ်ကို ဖန်ယောင်ရွှမ်းရဲ့ ဦးလေးဖြစ်ထိုက်ပါပေသည်။မျက်တောင်မခတ်တမ်းအဓိပ္ပါယ်မရှိတဲ့စကားတွေကို ဒီလိုမျိုး ပြောနိုင်သည်အထိပင်။အကယ်၍ ချူရှင်းသာ သူ့ကို တွန်းအား ပေးလာပါက ကိစ္စတိုင်း ကျိချင်းကျိုးပေါ် ပုံချင်နိုင်စွမ်းရှိပေသည်။

"သူဌေးဖန် ခင်ဗျားပြောချင်တာအဲ့တာပဲမလား" ကျိချင်းကျိုး တိုးတိုးမေးလိုက်သည်။

သို့သော် ဖန်ကျယ်က သူ့ကို လျစ်လှူရှူ၍ ချူရှင်းနဲ့ ဆက်ပြီး စကားပြောနေသေး၏။

ချူရှင်းက တိတ်တဆိတ်သာ နားထောင်သူလုပ်နေပြီး ကားဆီရောက်ချိန်မှာတော့ တံခါးဖွင့်ပြီး ဝင်ထိုင်သည်။

{ခင်ဗျားပြီးပြီလား။ } ချူရှင်းပြောလိုက်သည်။

{ပြီးပြီ‌ဆို အပိုစကားတွေပြောနေတာရပ်လိုက်တော့}

သူစကားကြောင့် ဖန်ကျယ်က မသိမသာ မျက်မှောင့်ကြုံ့သွားပြီး ဖုန်းတစ်ဖက်မှ ချုရှင်းရဲ့ သာမန်ဆန်ဆန်အသံကို ဆက်ကြားနေရသည်။

{ကိုယ်ပြောခဲ့တာလို့ သိတာတောင် ဘာလို့ အပိုမေးခွန်းတွေမေးနေတာလဲ။ ကိုယ်မသောက်နဲ့လို့ ပြောထားရင် အရက်တစ်စက်တောင် သူသောက်ခွင့်မရှိဘူး။သူနဲ့သင့်တော်တော် မတော်တော်ခဗျားနဲ့ ဘာမှမသက်ဆိုင်တဲ့ကိစ္စပဲလေ။ ဒီမှာ ... ကိုယ့်ဆုံးဖြတ်ချက်ကို သတ်မှတ်ပေးရမှာက ခင်ဗျားအလုပ်မဟုတ်ဘူး}

သူသည် လက်ကောက်ဝတ်မှ နာရီအား တစ်ချက်ကြည့်ကာ-

{ကိုးနာရီရှိနေပြီ‌ဆိုတော့ သိပ်မစောတော့ဘူးဘဲ။ ကျိုးချန်ဖုန်းကို ပြောလိုက်ပါ ကျိချင်းကျိုး အနားယူရအောင် ပြန်ခေါ်သွားလိုက်တော့လို့။ညစာစားပွဲလည်း ပြီးပြီပဲ}

ချူရှင်းက စကားဆုံးတာနဲ့ ဂွက်ခနဲ ဖုန်းချသွား၏။

ဖန်ကျယ်သည် ကျသွားသည့် ဖုန်းကိုကြည့်ရင်း ရင်ထဲမှ "ဖာ့ခ်" ဆိုတဲ့စကားအား ရေရွတ်လိုက်ကာ သူ့လူတွေကို ခေါ်ထုတ်သွားဖို့ ကျိုးချန်ဖုန်းကို ပြောခါနီး ဖုန်းမြည်သံကြားလိုက်ရ၏။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now