{17}

8.2K 1.2K 70
                                    


Unicode

ယွီအန်းမင်နဲ့တွေ့နေကြချိန်တွင် ကျိချင်းကျိုး hot search ပေါ်ရောက်နေတယ်ဆိုတာ ချူချန်သာသိတယ်။

"အန်းယီ ပြောတယ်…"

ယွီအန်းမင်ကပြောလာသည်။

"မင်းက ရှောင်ကျိကိုအရင်းအနှီးပေးတယ်ဆိုတော့ တစ်ခြားအချစ်စစ်လိုမျိုးမဟုတ်ဘူးပေါ့တဲ့"

"တကယ်လည်းချစ်ကြတာမှမဟုတ်တာ"
ချူချန်က ဂရုမထားသလိုမျိုး ဝိုင်တစ်ငုံသောက်လိုက်သည်။

ချင်းရွှယ်ကတော့ ပြုံးရွှင်စွာပြောလာသည်
"ဒါပေမယ့် မင်းက မိသားစုနောက်ခံရှိတယ်လေ။ရှောင်ကျိ မင်းနောက်လိုက်တယ်ဆိုတာက အခုချိန်မင်းမှာ ကောင်းမွန်တဲ့အရင်းအနှီးတွေရှိနေလို့။မင်းက လက်လှမ်းမမီလွန်းတဲ့သခင်လေးဖြစ်နေလို့လေ"

"ငါ သူ့ကိုဘာမှမပေးခဲ့ဘူး။ပိုက်ဆံပဲပေးထားတာ"

ချင်းရွှယ်က နှာမှုတ်လိုက်သည်။

"ရှောင်ကျိသာတစ်ခြားအလုပ်လုပ်ရင်တော့ ပိုက်ဆံပေးရုံနဲ့ရတာပေါ့။သူက အနုပညာရှင်လေ။အနုပညာရှင်တစ်ယောက်တွက် အရေးကြီးဆုံးအရာတွေက ရုပ်သံလိုင်းနဲ့ဇာတ်ကားအရင်းမြစ်တွေပဲ။သူ ဇာတ်ကားရိုက်ပြီးလူကြိုက်များသွားမယ်။ဘာပိုက်ဆံတွေ လိုနေမှာလဲ?ပိုက်ဆံက ကုန်သွားမှာ အရင်အနှီးကတော့ သက်တမ်းတိုးလို့ရတယ်"

ယွီအန်းမင် သဘောတူလိုက်သည်။

"အမှန်ပဲ"

"ဒါကပုံမှန်ဆိုပေမယ့်…"

ယောက်ရှိုးယွမ်က ခြေထောက်သိမ်းပြီးဆိုဖာပေါ်မှီလိုက်သည်။

"တကယ်လို့ အရင်းအနှီးကောင်းတွေအကုန်လုံး သူ့ကိုပေးလို့ သူနာမည်ကြီးလာတဲ့အချိန်ကျရင် မင်းရဲ့အဝေးကိုထွက်သွားလောက်တယ်…အဲ့တာကြောင့် ပိုက်ဆံပေးတာဘဲ ပိုလုံခြုံတယ်နော်"

ချူချန်က အထင်သေးစွာပြောလာခဲ့သည်။
"လောကကြီးမှာသူတစ်ယောက်ပဲ ယောင်္ကျားမှမဟုတ်တာ။သူသာအတောင်တွေနဲ့ပျံသန်းလိုရင် ပျံသွားပစေပေါ့။အသစ်ရှာစရာ မလိုတော့ရင်ငါလည်း စိတ်အေးလက်အေး ဖြစ်သွားမှာ"

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now