{ 101}

4.6K 884 177
                                    

Unicode

ယောက်ရှိုးယွမ်နဲ့ရှောက်ရုံကတော့ သူ့ကို လက်ခုပ်ဩဘာတွေပေးပြီး ချီးကျူးလိုက်ချင်တော့သည်။ဟုတ်ပ....သူတို့တစ်ချိန်လုံး နားထောင်ပြီးတည်းက ဒီမေးခွန်းကိုမေးချင်နေတာ။

ချူချန်က အလန့်တကြားသူ့ကိုကြည့်လာသည်။

“မင်းဘာပေါက်ကရတွေပြောနေတာလဲ?”

“မင်း သူ့ကိုမကြိုက်ရင် ဘာလို့ သူ့ကို စိတ်ပူပေးမှာလဲ? အခုလည်းမင်းစိတ်ပူတာတွေကို သူလက်မခံလို့ဆိုပြီး စိတ်ဓာတ်ကျနေတာ‌ လေ”

“အမှန်ပဲဘရို”

ယောက်ရှိုးယွမ်ကထောက်ခံလာသည်။

“သူ့ကိုကောင်းစေချင်တဲ့ မင်းရဲ့မေတ္တာတရားတွေကိုပဲ မြင်မနေနဲ့။မင်းက သူလက်ခံသင့်တယ်လို့ကို တွေးနေတာ။ဒါပေမယ့် သူလည်းလက်မခံရော မင်း သူ့ကိုအတင်းလက်ခံစေချင်နေတာမလား”

“ပြီးတော့လေ....”

ရှောက်ရုံကဖြည့်ပြောလာသည်။

“အဲ့တုန်းက ခံစားချက်အကြောင်းတွေမပြောဖို့ မင်းတို့သဘောတူခဲ့ကြတာမလား။လမ်းခွဲပြီးရင်လည်း မငြိရကြေးဆို။အခုကျိချင်းကျိုးက ပြည့်ပြည့်စုံစုံလုပ်ပြသွားပြီ။သူထွက်သွားရုံပဲထွက်သွားပြီး  မင်းပစ္စည်းတွေကိုမလိုချင်ခဲ့ဘူး။မင်းကိုလည်း လာမငြိဘူး။ကုန်ကုန်ပြောရရင်ကွာ မင်းရဲ့ဂရုစိုက်မှုတွေကိုတောင် သူမလိုအပ်တော့ဘူး။မင်းကျေနပ်သင့်နေတာမဟုတ်ဘူးလား”

ချူချန်သည် သူတို့သုံးယောက်ကိုကြည့်၍ ဆွံအစွာကြည့်လိုက်သည်။

“မင်းတို့ဘာတွေတွေးနေတာလဲ? ငါက ငါတို့လမ်းခွဲသွားရင်တောင် သူငယ်ချင်းဖြစ်နိုင်သေးတယ်ထင်လို့ သူကိုလည်း ဂရုစိုက်လို့ရသေးတယ်ထင်လို့ပါ။သူ့ ငါ့ကို အဲ့လောက်ထိ တွန်းထုတ်နေစရာမလိုပါဘူး”

ယောက်ရှိုးယွမ်တစ်ယောက် ချောင်းထဆိုးလာသည်။

“ထားလိုက်တော့.... ထားလိုက်တော့.....အားချန်ရဲ့ အတွေးတွေကကို ပြဿနာဖြစ်နေတာ။မင်း ငါ့ကိုကျ ဘာလို့ ဂရုမစိုက်ပေးချင်တာလဲ။ငါတို့လည်း သူငယ်ချင်းတွေပဲဟာ”

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now