{50}

5.3K 870 21
                                    

Unicode

ကျိချင်းကျိုးက ခုံမှာထိုင်လိုက်ပြီး စာရွက်ယူ၍ တင်ဆက်သူအမိန်ပေးသည်နှင့် မြန်မြန်ဆန်ဆန်ခေါက်တော့သည်။

တင်ဆက်သူသည် ဇာတ်ညွှန်းစာရွက်ကိုကြည့်ပြီး သူ့ကိုမေးလာသည်။

"သူရဲကောင်းအဖြစ်ရှင်သန်ပြီး…ဝိဉာဉ်တစ်ကောင်လိုသေဆုံး…ဒီကဗျာကိုဘယ်သူရေးတာလဲ"

"ရှန်းယွီ"

"အထက်စီးဆန်ပြီးမာနကြီးသူများကာ စိတ်ပျက်ဖွယ်တေးဂီတသေရည်ကို သောက်သုံးလျက် အောက်ခြေလွတ်နေထိုင်သူများသာဖြစ်ကြလေ၏။ဒီကဗျာကိုဘယ်သူရေးတာလဲ"

"သုဖူ"

"အရှေ့အနောက်အီကွေတာကိုပိုင်းထားသည့်မျဉ်းက…"

"အနောက်လောင်ဂျီကျု ၂၀° ၊ အရှေ့လောင်ဂျီကျု ၁၆၀°"

……

အချိန်ပြည့်သွားသောအခါ အစီအစဉ်တင်ဆက်သူအဖွဲ့က ရပ်ဖို့ကြေညာလိုက်သည်။ကျိချင်းကျိုးက စိတ်သက်သာရာရစွာထိုင်ခုံပေါ်မှီချရင်း ရိုက်ကူးရေးအဖွဲ့ဝင်တွေ သူခေါက်ထားသည့်ကြယ်အားရေတွက်နေကြသည်ကို စောင့်နေလိုက်တယ်။

မုန့်ယွမ်ပိုင်ကမူ အံ့ဩလွန်းလို့ တောင့်တောင့်ကြီးဖြစ်နေ၏။သူက လျန်ကျင်းရှင်ကိုကြည့်လိုက်ပြီး စိတ်ထဲမှလည်း မောပန်းလာ၏။

"ဂျူနီယာညီလေးက ငါတို့ရသစုံရှိုးကိုဘာလို့ရောက်လာတာများလဲ။ ဘေးကပ်ရပ်က《 အမေးအဖြေ 》ရှိုးကိုသွားသင့်တာ…မေးခွန်းက လေးဆယ့်ငါးခု ! သုံးခါကျော် !! သုံးခုပဲမှားတာတဲ့ !!!! ဒီအနိုင်ရတဲ့နှုန်းကြီးကကွာ…ငါထင်တာတော့ တင်ဆက်သူသာမေးခွန်း‌တွေမဖတ်ရဘဲတန်မေးတာသာဆို သူပိုပြီးတောင်ဖြေနိုင်ဦးမှာ"

အမှန်ပင်…ကျိချင်းကျိုးက မေးခွန်းဖြေတာအရမ်းမြန်လွန်းသူကြီးပင်။သူက မေးခွန်းတွေကို အလိုလို ဒတ်ဒတ်နဲ့ကိုပြန်ဖြေနေတာ။အဖြေကလည်း တွေးတောင်မတွေးဘဲတန်းပြောတာဗျာ။နောက်ဆုံးကျ တင်ဆက်သူမှာ မေးခွန်းမလောက်မှာ စိုးရိမ်ပြီး သူကို အလျင်မလိုဖို့ စဉ်းစားပြီးမှဖြေဖို့ပြောလိုက်ရသည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now