{76}

4.6K 776 10
                                    

Unicode

ကျိချင်းကျိုး ငယ်စဉ်က ဖတ်ဖူးတဲ့ ဆောင်းပါးတစ်ခုဖြစ်သော -“ပညာရှိသုံးဦး၏လက်ဆောင်မွန်” ထဲမှာဆို ခင်ပွန်းသည်က သူ့၏ဇနီးသည်ပန်ဆင်ရန်လှပသည့် ဝက်မှင်ဘီးဝယ်ဖို့ငှာ သူ့ကိုယ်ပိုင် ရွှေနာရီအား ရောင်းခဲ့၏။ဇနီးသည်ကလည်း သူမ‌ ယောင်္ကျားအတွက် နာရီဝယ်ပေးဖို့ရန် သူမ၏ဆံပင်ရှည်တွေအား ဖြတ်ရောင်းပစ်ခဲ့၏။သူတို့နှစ်ယောက်လုံး တစ်ဦးကို တစ်ဦးအကောင်းဆုံးလက်ဆောင်တွေပေးချင်ခဲ့ကြသည်။အဆုံးသတ်မကောင်းပေမယ့် လင်နဲ့မယားကြားက ဆက်ဆံရေးကတော့ ကြည်နူးဖွယ်ပင်။

လက်ထဲမှ ချောကလက်တွေအားကြည့်ရင်း ချူချန်ပေးသည့်လက်ဆောင်အား ပညာရှိများ၏အထွတ်အမြတ်လက်ဆောင်မွန်လိုမျိုး သူ ခံစားနေရသည်။ဒါပေမယ့် သူတို့နှစ်ယောက်လုံး ကံကောင်းခဲ့ကြသည်။ချစ်သူများနေ့မှာ အကောင်းဆုံးလက်ဆောင်တွေရရှိခဲ့ကြပြီး ဘယ်သူမှ မဆုံးရှုံးခဲ့ပေ။လက်ရှိချစ်သူများနေ့က သူ့စိတ်ကူးထဲကထက်တောင် ကျော်လွန်နေကြောင်း ကျိချင်းကျိုး ခံစားသိလေသည်။
သူ အိတ်အားဖွင့်၍ အထဲမှ ဘူးသေးသေးထုတ်ယူကာ ဖဲကြိုးတွေကို ဂရုတစိုက်နဲ့ဖြည်လိုက်ပြီး ကတ်ထူးအဖုံးလေးဖွင့်ကြည့်လိုက်သည်။
ဘူးထဲက ချောကလက်တွေအကုန် အိတ်ပုံစံလေးတွေပင်။ကျိချင်းကျိုး တစ်ခု ယူလိုက်ပြီး ချူချန်ကို ပေးလိုက်သည်။
“ကောင်းလားစားကြည့်ဦး”

“ယွီအန်းယီကြိုက်တယ်ဆိုတော့ ကောင်းမှာပေါ့ကွာ”
ချောကလက်အားပါးစပ်ထဲထည့်ရင်း ချူချန်ကပြောလာသည်။
အရသာက တကယ်ကောင်းသည်။အရက်နည်းနည်းထည့်ထားသလိုမျိုး ထွေထွေလေးပင်။ချူချန် ခေါင်းတညိမ့်ညိမ့်လုပ်ကာ-
“ကောင်းတယ်။စားရအဆင်ပြေတယ်”

“ဟုတ်လား”
ကျိချင်းကျိုး သူ့ကိုကြည့်ကာ-“ဒါဆို ကျွန်တော်လည်း စမ်းစားကြည့်မှ”

သူ့စကားနားထောင်နေသည့် ချူချန် စကားမဆိုရခင် လက်ဆောင်ဘူးအား ဘေးချ၍ ချူချန် လည်တိုင်ကို သိုင်းဖက်ပြီး နှုတ်ခမ်းထဲ စူးစမ်းလိုက်သည်။
သူ အရသာမြည်းမဲ့ပုံစံကအဲ့လိုမျိုးဟု ချူချန် မထင်ထား။သို့သော် ကျိချင်းကျိုး တကယ်လက်ရဲဇက်ရဲရှိလွန်းတာတော့ ဝန်ခံရမယ်။ကျိချင်းကျိုး ကျောလေးအား ပုတ်ပေးလိုက်ချိန် တစ်ဖက်အကောင်ပေါက်က သူ့ခါးကို မကျေမနပ်ဆွဲလိမ်လာသည်။ချူချန်လည်း ထိန်းမနေတော့ပဲ တစ်ဖက်သူကို ပြန်ပွေ့ဖက်ပြီး ချောကလက်အနမ်းပေးလိုက်တော့သည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now