{113}

6K 1.1K 80
                                    


Unicode

ချူချန်သည် အေးတိအေးစက်ဖြင့် နှာတစ်ချက်မှုတ်ရင်း ဖန်ယောင်ရွှမ်းကို ဖုန်းပစ်ပေးလိုက်သည်။

ဖန်ယောင်ရွှမ်း အလျင်အမြန်ပဲ ဖုန်းကိုင်လိုက်ချိန် သူ့ပါးပါးရဲ့ အပြင်းအထန် ကြိမ်မောင်းနေတဲ့ အသံကိုကြားလိုက်ရသည်။ဖန်ယောင်ရွှမ်းကလည်း မကျေမနပ်ပြန်ခံပက်သည်။

“ကျွန်တော်က သူ့ကို ရန်စတယ်ဟုတ်လား? သူ့ဘာသာ ညဘက်ကြီး ကျွန်တော့်ကို ရန်လာစနေတာ! သူလည်ပင်းညှစ်လို့ ကျွန်တော် သေလုနီးပါးပဲ!”

“အခုမသေရင် အဆင်ပြေတာပဲလေ! မင်းဘာလုပ်ခဲ့လဲ ကိုယ့်ကိုကိုယ်သိစမ်း။တစ်ဖက်လူရဲ့ ခေါင်းကို ဦးထုပ်စိမ်းဆောင်ပေးနေတာ နှစ်ကြိမ်တောင်ရှိနေပြီ။ ဘယ် ယောင်္ကျားသားက သည်းခံနိုင်မလဲကွ! မင်းလုပ်နေတာတွေက လူတစ်ယောက် လုပ်ရမယ့်အရာလားပြောစမ်း!”

“ဘာမှ မနှစ်က သူတို့ တွဲနေခဲ့တာမဟုတ်ဘူး”

“သူတို့ တွဲတွဲမတွဲတွဲ သူများနောက်ကွယ်မှာ ဒီလိုလုပ်ရလား! မင်းဒီလို ရှက်စရာကိစ္စတွေလုပ်ဖို့ ငါတို့ ဖန်မိသားစုက မွေးထားတာလား? မင်းမှာ ရုပ်ရည်လေးရှိရဲ့သားနဲ့ ဘယ်လို မိန်းကလေးမျိုး လိုချင်လဲ ပြောလိုက် မင်းမရနိုင်ဘူးလားဟမ်။ဘာလို့ချူချန်ရဲ့ လူကို သွားချောင်းတာလဲ။မင်းလုပ်စရာလား ပြောစမ်း။မင်း ငါ့မျက်နှာကို မထောက်ရင်တောင် ငါတို့မိသားစုအတွက် ထည့်စဉ်းစားပေးရောပေါ့။ချူချန်ရဲ့ လူကို သွားထိရင်  ဟိုက သည်းခံပေးမယ် ထင်နေတာ လား။တကယ်လို့ သူ သည်းမခံနိုင်တော့ရင် မင်းဘာဖြစ်မယ်ထင်လဲ? မဟုတ်သေးဘူး ငါတို့မိသားစု ငါတို့ကုမ္ပဏီကို ထိခိုက်မှာကွ! အဆုံးသတ်လိုက်ရင် ငါတို့ မိသားစုပဲ အဲ့ဒဏ်ခံရမှာ! မင်းလည်း ငယ်တော့တာမဟုတ်ဘူး။ငါတို့မိသားစုရဲ့ တာဝန်ကို ဝေမျှမယူပေးနိုင်ရင်တောင် အဆင်ပြေပေမယ့် ဒုက္ခ တွေမပေးပါနဲ့တော့။ငါတို့မိသားစု တစ်ခုခုဖြစ်သွားရင် မင်းလည်း ကောင်းကောင်းနေနိုင်မယ်ထင်လား”

ဖန်ယောင်ရွှမ်းက သူ့ရဲ့ ဆုံးမစကားတွေ နားထောင်ပြီး ငြိမ်ကျသွားသည် ။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now