{21}

7.9K 1.3K 84
                                    

Unicode

ကျိချင်းကျိုးသည် တက္ကသိုလ်ပရိဝုဏ်ထဲရှိညရှူခင်းတွေကိုငေးကြည့်ရင်း ခေါင်းရမ်းပြလာသည်။

"အဝတ်အစားဒီဇိုင်းမတူလို့လား"

"တူတူပါပဲ"

"ဒါဆိုဘာလို့ခွဲရိုက်တာလဲ"

ချူချန်နားမလည်ခဲ့ပေ။

"တစ်ခါတည်းအပြီးမရိုက်နိုင်ဘူးလား"

"ကျွန်တော်က ဒါရိုက်တာမှမဟုတ်တာ။ဘယ်လိုသိမှာလဲ"

"မင်းမမေးကြည့်ဘူးလား"

ကျိချင်းကျိုး ခေါင်းညိမ့်ပြလိုက်ပြီး ချူချန်ကိုကြည့်ရင်း အမှန်တိုင်းပြောလိုက်သည်။

"ကျွန်တော်ကအနုပညာရှင်အသစ်လေးလေ။နာမည်မကြီးသေးဘူး။ဇာတ်ပို့နေရာကပဲသရုပ်ဆောင်နေရတာ။ဒါရိုက်တာဘယ်လိုစီစဉ်စီစဉ်လိုက်နာရမယ်။ပြီးတော့ ဒီလိုကိစ္စလေးတွက်နဲ့ ဒါရိုက်တာကို ပြဿနာရှာဖို့ကျ ကျွန်တော်လည်း မလုပ်ချင်လို့ ဟုတ်ပြီလား ? ? "

သူပြောတာလည်း အကျိုးအကြောင်းသင့်ပါရဲ့ …
အနုပညာလောကကို ချူချန် ကောင်းကောင်းနားမလည်သော်လည်း စည်းမျဉ်းတွေကတော့တူတူပင်။ဘယ်စီးပွားရေးလောကမှာမဆို လူသစ်တွေက ခြေသုတ်ပုဆိုးမြွေဆွယ်ကျိုးသလိုနေရတယ်။ဘာလို့ဆို သူတို့ကအခြေခံအဆင့်မှာရှိသေးပြီး အဆင့်မြင့်မြင့်မရောက်သေးတဲ့တွက် စောဒကတက်ဖို့ အရည်ချင်းမရှိလို့ဖြစ်သည်။
တကယ်လို့ နောက်ဆုံး ပြောရေးဆိုခွင့်ရှိလာရင်တောင်မှ တောင်းဆိုချက်တွေများလွန်းတာမကောင်းပေ။အဲ့တောင်းဆိုချက်တွေက အကျိုးကြောင်းသင့်နေရင်တောင် အများကြီးတောင်းဆိုမိပါက လူတွေကို စိတ်အနှောင့်ယှက်ပေးသလိုပဲဖြစ်စေမှာပင်။

"မှန်တယ်"
ချူချန်ပြောလိုက်သည်။

ကျိချင်းကျိုးလည်း သူ့ကိုနှစ်သိမ့်ပေးလိုက်တယ်။

"ဘာဖြစ်ဖြစ်တစ်လပဲဟာ…ပြီးတော့မှာ။အများကြီးတွေးပူမနေပါနဲ့"

ချူချန်က ဖုန်းကိုပစ်ထုတ်လိုက်သော်လည်း ဘာမှမပြောလာပေ။
ကျိချင်းကျိုးလည်း ထိုင်ခုံခါးပတ်ဖြုတ်လိုက်ပြီး

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now