{40}

5.7K 897 51
                                    

Unicode

ယွီအန်းယီသည် ခေါင်းငုံ့၍သူမရဲ့သွယ်လျလျဖြူဖွေးသောလက်ချောင်းလေးများဖြင့်အမြန်စာရိုက်နေသည်။သူမက ဖုန်းတစ်ညလုံးဆော့နေတာဖြစ်သည်။ယွီအန်းမင်မှာ အကူညီမဲ့စွာဖုန်းကိုဆွဲယူပြီး စားပွဲပေါ်ခေါက်၍ ပြောလိုက်သည်။

"စား"

"ဖုန်းပြန်ပေးစမ်းပါ။ငါ့အေးဂျင့်နဲ့အလုပ်ကိစ္စပြောနေတာ"

"စာပြီးမှပြောလည်းနောက်မကျဘူး"

ယွီအန်းမင်သည် ဖုန်းကိုတစ်ဖက်မှာထားလိုက်သည်။

"ဘာအလုပ်မို့ အစားတောင်မစားနိုင်ဘဲအသည်းအသန်တွေစာရိုက်နေရတာလဲ"

"ငါ့ကိုသွားစေချင်တဲ့ရသစုံရှိုးရှိလို့လေ။ငါ့အေးဂျင့်က သွားချင်လားမေးနေတာ။နည်းနည်းစဉ်းစားရကျပ်နေလို့။သွားလည်းသွားချင်တယ် မသွားလည်းမသွားချင်ဘူး"

"ဘာလို့မသွားချင်တာလဲ"

ချင်းရွှယ်မေးလိုက်သည်။

"အနားယူချင်လို့… အခုမှရိုက်ကူးရေးပြီးထားတဲ့ဟာ။အပိုင်းအများကြီးမပါပေမယ့် ပင်ပန်းနေတုန်းပဲ"

"ဒါဆိုမသွားနဲ့လေ"
ယောက်ရှိုးယွမ်ကဆိုလာသည်။

"ရိုက်ကူးရေးလုပ်လည်းဘာမှမဖြစ်ပါဘူး ပြီးတော့…"

ယွီအန်းယီသည် စကားတစ်ခွန်းမှဝင်မပြောသေးတဲ့ချူချန်ကိုကြည့်လိုက်သည်။

"အားချန်…နင့်ကလေးကလော့ယွီရှင်းနဲ့same stageပြိုင်ရတော့မှာနော်။နင်စိတ်မပူဘူးလား"

ချူချန်ကသူမစကားကြား‌တော့ကြည့်လာပြီး အံ့ဩစွာပြောလာသည်။

"မင်းအေးဂျင့်ပါခိုင်းတာ《48နာရီပြိုင်ပွဲ》ထဲမှာလား"

ယွီအန်းယီကခေါင်းညိမ့်လာကာ—

"အဲ့ရိုက်ကူးရေးအဖွဲ့ကဘာတွေတွေးနေလဲငါလည်းမသိတော့ဘူး။သူတို့နှစ်ယောက်ကို ပါဝင်သူအနေနဲ့ရွေးတယ်တဲ့။သူတို့ကြားမှာဖန်ယောင်ရွှမ်းမရှိရင်တောင် သူတို့ကရုပ်ချင်းနည်းနည်းဆင်တော့ လူတွေအာရုံစိုက်ကြမှာအသေအချာပဲ။သူတို့နှစ်ယောက်ပထမဆုံးတွေ့ကြရင်ဘယ်လိုဖြစ်ကြမလဲ ငါသိချင်နေတုန်းပဲ"

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now