{117}

5.6K 881 45
                                    


Unicode

ဝူဟွေ့လည်း ထိုကဲ့သို့ အတွေးတူသည်မှာ သိသာလှ၏။ သူတို့နှစ်ယောက်ရဲ့ သရုပ်ဆောင်မှုအား အလွန်ကျေနပ်အားရနေလေသည်။ခုံးယန်ကလည်း လက်ရှိအခြေအနေကောင်းနေသဖြင့် ဖန်ယောင်ရွှမ်း အရင်ကရိုက်ထားတဲ့ အခန်းတွေကို ပြန်ရိုက်ပြီး အခန်းသစ်တွေကိုတော့ ပြန်ရိုက်ဖို့ အလျင်မလိုနေခဲ့။

ထိုအချိန် ကျိုးချန်ဖုန်းတစ်ယောက် အီးမေးလ်တစ်စောင်ရရှိခဲ့သည်။အီးမေးလ်ထဲမှာ ပါတာတွေက တအားကိုရိုးရှင်းလွန်းသော်လည်း ထိုထွက်ပေါ်လာသည့် သတင်းက ကျိုးချန်ဖုန်းအား အံ့ဩသွားစေခဲ့ပါသည် ။ တစ်ခြားတော့မဟုတ်ပေ။ ရှန်းဝမ့်ရှီရဲ့ လက်ထောက်မှ ပေးပို့လာသည့် အီးမေးလ်သာဖြစ်၏။ ကျိချင်းကျိုးအား ရှန်းဝမ့်ရှီရဲ့ ဇာတ်ကားသစ်မှာ လူရွေးပွဲလာဖြေမလားဟု မေးထားခြင်းဖြစ်၏။

ကျိုးချန်ဖုန်းတစ်ယောက် စိတ်လှုပ်ရှားမှုတွေအား ဖိနှိပ်ထားလျက် ကမ်းလှမ်းချက်နဲ့ ရှန်းဝမ့်ရှီဇာတ်ကားသစ်ရဲ့ ဇာတ်ညွှန်းကို ကြည့်လိုက်တယ်။အစကတော့ ဘာဇာတ်လမ်းဖြစ်ဖြစ် ကျိချင်းကျိုးလက်ခံလိမ့်မည်အစီအစဉ်ချထား၏။တကယ့်တကယ်တော့လည်း ရှန်းဝမ့်ရှီဆိုတာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တည်းက အောင်မြင်လာပြီး ဆုတွေ အများကြီး ဆွတ်ခူးထားသူ တစ်ယောက် မဟုတ်ပါလား။အဲ့ဒါ့အပြင် သူ့အဖေကလည်း ရွေတံဆိပ်ဆုရှင် ဒါရိုက်တာကြီး တစ်ယောက်ဖြစ်နေသေး၏။ရှန်းဝမ့်ရှီရဲ့ လမ်းကြောင်းကို လိုက်နိုင်သမျှ အချိန်ပတ်လည်လုံး ကျိချင်းကျိုးရဲ့ ရုပ်ရှင်ရိုက်ကူးရေးအသက်မွေးဝမ်းကြောင်းလုပ်ငန်းက ပိုပြီး တောက်ပချော့မွေ့လာဦးမည်ပင်။

သို့သော် စာမျက်နှာတွေကို တဖြတ်ဖြတ်လှန်ကြည့်ပြီးနောက် ကျိုးချန်ဖုန်း၏မျက်ခုံးတွေတဖြည်းဖြည်းချင်းကြုံ့သွားရ၏။ဒီဇာတ်ညွှန်းက.........…ကျိချင်းကျိုး လက်ခံမည်မထင်ပေ။

ထိုအကြောင်းကြားသည့် ကျိချင်းကျိုးမှာ အံ့အားသင့်နေ၏။ 《ချစ်သူ့ကဗျာများမှမြတ်နိုးသောစာမျက်နှာ》လွှင့်ပြီးတာကြာနေပြီဆိုသော်လည်း 《 ကြေကွဲဖွယ်အလင်းတစ်စ》ကတော့ အခုထိ မလွှင့်ဖြစ်သေးပါ။ထို့ပြင် 《ခါငှက်‌ကောင်းကင်》ကလည်း နောက်ပိုင်းမှ ရုံတင်မှာဖြစ်သည်။ရှန်းဝမ့်ရှီလို အနားသတ် ဒါရိုက်တာမျိုးက ကျော်ကြားမှုပေါ် အခြေခံပြီး ရွေးတာဖြစ်ပုံမရ။ထို့ကြောင့်လည်း သူ့ကို ရွေးတာပေါ့။ဒါပေမယ့် အဆုံးသတ်လိုက်ရင် အခွင့်ရေးကောင်းတစ်ခုပဲ ဖြစ်နေ၍ ဘာကိစ္စကြောင့်ဖြစ်ဖြစ် ကျိချင်းကျိုး ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်တော့၏။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now