{128-2}

3.7K 625 34
                                    

Unicode

“သိပါပြီ။ဒါနဲ့လေစီနီယာလည်း ဒီနှစ်ရဲ့အကောင်းဆုံးဇာတ်ဆောင်ဆု Golden Laurel Awardအတွက် ယာထားခံရတယ်။ဇကာတင်စာရင်းက ငြိမ်နေပေမယ့် ကောရမှာလား မရဘူးလားဆိုတာတော့ ငါလည်း တပ်အပ်မပြောနိုင်ဘူး”

“သူကပူစရာမလိုပါဘူး။နောက်ထပ် ရုပ်ရှင်ကားနှစ်ကားရှိသေးတယ်လေ။အဲ့နှစ်ကားကလည်း နိုင်ငံခြားရုပ်ရှင်ဆုပေးပွဲအတွက်ယာထားခံရတာဆိုတော့ နိုင်ငံတကာဆုတောင် ရချင်ရနေဦးမှာ။ရုပ်ရှင်သုံးကားတောင်ဆိုတော့ တစ်ကားကားတော့ရမှာပါ။အဲ့တော့ တွေးမပူဘဲ နင့်ဘာသာအေးအေးသက်သက်သာနေစမ်းပါ”

“ဒီနှစ်ထဲ ကောက အလုပ်တွေများလွန်းတယ်လို့ တွေးမိလို့ပါ။ကောကို ဆုလေးရပြီး ကောင်းကောင်အနားယူစေချင်တာ”

“နင်လည်း ဒီနှစ်ပိုင်း အလုပ်တအားရှုပ်တာပဲဟာကို”

ယွီအန်းယီ သူ့ကို မော့ကြည့်လိုက်သည်။

“ရိုက်ကူးရေးပြီးလို့ ငါပြန်လာတဲ့ အချိန်တိုင်း နင်နဲ့တွေ့ရတယ်လို့ကို မရှိဘူး။ဟိုတစ်ခေါက်ကတောင် နင်နဲ့အားချန်တို့ ပြတ်ပြီဆိုပြီး ပြောသေးတယ်မလား။ဒီလောက်ကိစ္စကြီးကို ငါ့ကို သတင်းလေးဘာလေးတောင် မပေးကြဘူးနော် ။နင်တို့နှစ်ယောက်လုံးကို အရမ်းစိတ်တိုတာပဲ”

ကျိချင်းကျိုးမယ် နည်းနည်းရှက်သွားရ၏။

“ပြန်တွဲနေပါပြီ”

ချူချန်ရဲ့သူငယ်ချင်းတွေထဲမှာ အမှန်တရားကို မသိတဲ့တစ်ယောက်သောသူက ယွီအန်းယီပဲဖြစ်လိမ့်မည်ထင်သည်။ဖြစ်နိုင်တာက သူမလည်း အနုပညာရှင်တစ်ယောက်ဆိုတော့ မတော်တဆသူများရှေ့ပြောမိသွားမှာ စိုးရိမ်ပြီး ချူချန်က သူကိုယ်တိုင်လည်း သူမကို မပြောပြသလို တစ်ခြားသူတွေကိုလည်း မပြောခိုင်းတာဖြစ်ရမည်။

“ပြန်တည့်သွားတာကောင်းတယ်။မဟုတ်ရင် ငါက မတရားခံနေရသလိုပဲ။ငါ့မှာ သူ့ကို အချိန်အကြာကြီး နှစ်သက်သဘောကျလာတာတောင် နင်ပေါ်လာတော့ တွဲပါစေဆိုပြီး ဝမ်းနည်းစွာနဲ့ နောက်ဆုတ်ပေးခဲ့တာ။အဲ့တာကို နင်တို့က လမ်းခွဲလိုက်မယ်ဆိုရင် ငါ့ကို အကျပ်အတည်းမဖြစ်စေဘူးလားပြော”

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now