{52}

5K 816 42
                                    

Unicode

ဒါပေမယ့်လည်း ထိုအကြောင်းတွေးပြီးတာနဲ့ ကျိချင်းကျိုးနဲ့ ချူချန်တို့ နောက်ဆုံးတော့ အနောက်တိုင်းအစားအစာဆိုင်ဆီချီတက်ကြတော့သည်။သူတို့က သီးသန့်အခန်းမှာလိုက်ကြပြီး ပြတင်းပေါက်အပြင်မှညရှူခင်းများအား ကြည့်ရှူလိုက်ကြသည်။
ကျိချင်းကျိုးသည် လမ်းပေါ်မှ ပြာပန်းခတ်လှုပ်ရှားနေကြသည့်လူများကိုကြည့်မိ၏။လမ်းနှစ်ဖက်လုံး၌ ပူဖေါင်းသည်များ ၊ အသီးသည်များနှင့်နှင်းဆီပန်းရောင်နေတဲ့မိန်းကလေးများရော ပျံကျဈေးသည်များအပြည့်ပင်။ကျိချင်းကျိုးကတော့ ထိုသက်ဝင်လှုပ်ရှားနေသည်မြင်ကွင်းအားကြည့်ကာ စိတ်လှုပ်ရှား ပျော်ရွှင်လာခဲ့သည်။ဒီလို ရိုးရှင်းပြီး သာမန်အငွေ့ဓာတ်လေးလွှမ်းနေသည်မှာ အလွန်ကျေနပ်ဖွယ်ကောင်းသည်။

စားသောက်ဆိုင်မှဝိတ်တာလေးသည် သူတို့အစားအသောက် စောင့်နေကြတုန်း ပန်းသီးတစ်လုံးလာချပေးသည်။ချူချန်က ပန်းသီးမကြိုက်ပေ။ထို့ကြောင့် ကျိချင်းကျိုးဘက် တွန်းပေးလိုက်တယ်။

"ခင်ဗျားမစားဘူးလား"

"ကိုယ် ပန်းသီးမကြိုက်ဘူး"

"လုံးဝမစားတာလား"

ကျိချင်းကျိုးက မေးမြန်းလာသည်။

"မဟုတ်ပါဘူး။အများကြီးမစားတာ"

ကျိချင်းကျိုးနားလည်သွားပြီ။ချူချန်က သူ့မားမားလိုပဲပန်းသီးတစ်လုံးလုံးမကုန်ဘဲ နည်းနည်းလေးပဲစားရတာကြိုက်တာကိုး။သူ ပန်းသီးအားဖယ်လိုက်ကာ ပြန်ရောက်တာနဲ့ ချူချန်စားလို့ရအောင် ပန်းပွင့်ပုံလေးတွေဖော်ပေးဖို့ စဉ်းစားထားလိုက်သည်။ခရစ္စမတ်ပွဲတော်ရဲ့ ဆုမွန်ကောင်းတစ်ခုဖြစ်တဲ့ ပန်းသီးတော့သူစားမှရမည်။

စားသောက်ကြပြီးနောက် နှစ်ယောက်သား အိမ်ပြန်ဖို့လုပ်တော့သည်။ချူချန်တစ်ယောက် ကားအပြင်မှလူအုပ်ကြီးကိုကြည့်ကာ သူ့ကိုစလာသည်။

"လမ်းလေးဘာလေးမလျှောက်ချင်ဘူးလားဗျ။ပွဲတော်အငွေ့အသက်လေးခံစားရတာပေါ့"

ကျိချင်းကျိုးက ငြင်းဆန်လာသည်။

"ဒီအချိန်ကြီးလမ်းလျှောက်ရမယ်ပေါ့။လှုပ်တောင်လှုပ်လို့ရမှာမဟုတ်ဘူး။"

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now