{67}

4.9K 871 101
                                    

[chapter တစ်ခုလုံး fan warပါ]

Unicode

《48နာရီပြိုင်ပွဲ》၏ ပထမပိုင်းပြီးသွားသည့်အချိန်မှာတော့ ကျိချင်းကျိုးက အလျင်အမြန်ပဲ hot search ပေါ်ရောက်လာသည်။ဒီhot searchကလည်း ကျိုးချန်ဖုန်းအကြာကြီးစီစဉ်ထားသည့်အရာဖြစ်သည်။သို့သော် ကျိချင်းကျိုးဘာသာ လျှို့ဝှက်ခန်းထဲမှာ ထူးချွန်လွန်းနေမည်ဟုတော့ သူမထင်ထားခဲ့ပေ။သူအတွေးထဲမှာ သူ့၏ချောမောကြည့်ကောင်းသည့် ရုပ်ရည်လေးဖြင့် ပထမပိုင်းမှာ ဖြတ်လျှောက်တွေကိုဆွဲဆောင်နိုင်ရင်ပဲ အောင်မြင်ပြီဖြစ်သည်။

ဒီရသစုံရှိုးပွဲကြည့်ပြီးကြသည့် ကြယ်ပွင့်စွဲလမ်းကြတဲ့ကောင်မလေးတွေကလည်း ဖြတ်လျှောက်တွေကို ချီးကျူးထားမှုတွေကို အမှီပြု၍ ကျိချင်းကျိုးနဲ့ပတ်သက်သောအကြောင်းတွေအား Weibo ပေါ်တင်လာကြသည်။ကျိချင်းကျိုး၏hot searchကတစ်လျှောက်လုံးမြင့်တက်နေကာ [လျန်ကျင်းရှင်ယွီအန်းယီ]ဆိုတဲ့ နံပါတ်တစ် hot searchတောင် ဒုတိယနေရာရောက်သွားပြီး သူ့hot searchက ဗိုလ်ဆွဲသွားသည်။

Weiboမှာတင်သာမက တစ်ခြားလူကြိုက်များသည့် ဟစ်တိုင်တွေမှာလည်း ကျိချင်းကျိုးအကြောင်းကို အမျိုးမျိုး ဆွေးနွေးလာကြသည်။

[သေစမ်းးး 《48နာရီပြိုင်ပွဲ》ကြည့်ပြီးကြပြီလား။လူသစ်လေးက အထူးချွန်ဆုံးပဲနော်]

[တကယ်တော့ ငါက လျန်ကျင်းရှင်ကို ဘူးဖို့သွားခဲ့ပေမယ့် ကြည့်လည်းကြည့်ပြီးရော ငါ့ရဲ့စိတ်ရောခန္ဓာကိုယ်ပါ ကျိချင်းကျိုး ဆွဲဆောင်တာခံလိုက်ရတယ်။အမေးဇင်းးးး]

[ဇာတ်ညွှန်းချထားတာမဟုတ်ရင်တော့ တကယ်တော်တာပါ။သူ တွေ့ရှိသွားတဲ့အချက်တွေအများကြီးအပြင်ကိုနောက်ဆုံးမှတ်စုစာအုပ်ပိုင်ရှင်ပါ သူပဲ ရှာတွေ့သွားတာ]

[သူ မျိုးရိုးနာမည်ကဘာလဲဟင်။ကျွန်မတစ်ခါမှမကြားဖူးလို့ပါ။တစ်ခြား အနုပညာအလုပ်တွေရှိသေးလားရှင့်]

[ဟင့်အင်း ။ သူက လူသစ်လေးပဲ။သူရိုက်ထားတဲ့ဇာတ်ကားတွေကလည်း အခုထိ မလွှင့်ရသေးဘူး။ပြီးတော့ လျန်ကျင်းရှင်၊ယွီအန်းယီတို့နဲ့ ကုမ္ပဏီတစ်ခုတည်းထွက်တွေ]

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now