{82}

4.1K 797 38
                                    

Unicode

ရိုက်ကူးရေးအဖွဲ့က တရားဝင်ကြေညာပြီးတာနဲ့ ဆွေးနွေးပွဲထဲက လူတွေက သရုပ်ဆောင်တွေအကြောင်းဆွေးနွေးကာ 《‌နတ်ဘုရားအမိန့်တော်》က သရုပ်ဆောင်တွေနဲ့ နှိုင်းယှဉ်ကြည့်ကြ၏။

[《ခါငှက်‌ကောင်းကင်》နဲ့《‌နတ်ဘုရားအမိန့်တော်》မှာဘယ်ရိုက်ကူးရေးအဖွဲ့ကိုပိုကြိုက်လဲ]

ပင်မအဆောက်အဦး :[《ခါငှက်‌ကောင်းကင်》ရဲ့ခေါင်းဆောင်မင်းသားက ကျိချင်းကျိုး၊မင်းသမီးက ကျိုးရှင်း၊အရံမင်းသားက ယင်းနျန်၊《‌နတ်ဘုရားအမိန့်တော်》ရဲ့ခေါင်းဆောင်မင်းသားက လော့ယွီရှင်း၊မင်းသမီးက တုချင်း၊အရံမင်းသားက ယွီဖုန်း၊ဒီအဖွဲ့ထဲက ဘယ်တစ်ယောက်ကို ကြိုက်ကြလဲ]

မကြာခင်ဖြတ်လျှောက်တစ်ယောက်ကစာပြန်လာသည် :
[TV ဇာတ်လမ်းတွဲတွေမှာ အဓိကကသရုပ်ဆောင်ပဲ။ဒါပေမယ့် ဒီနှစ်ဖွဲ့လုံးကကောင်းပါတယ်။ကျိုးရှင်းနဲ့တုချင်းတို့နှစ်ယောက်လုံးကနာမည်ကြီး မင်းသမီးတွေချည်းပဲ။ဒါပေမယ့် ယင်းနျန်က ယွီဖုန်းထက် ပိုနာမည်ကြီးတာနော်။ယင်းနျန်က တကယ်ကြီးကျိချင်းကျိုးနဲ့တွဲပြီး အရံနေရာမှာ သရုပ်ဆောင်ချင်တာလား]

[အဲ့ယင်းနျန်က မသိနားလည်လိုက်တာ။လော့ယွီရှင်းအတွက် အရံမင်းသားမလုပ်ပဲနဲ့။ပြောရရင်တစ်ချိန်တည်း လူရွေးပွဲလုပ်တာတောင် သူက ကျိချင်းကျိုးဆီကူးသွားတယ်ဆိုတော့။ငါနားကိုမလည်တော့ဘူး]

[ငါကတော့《ခါငှက်‌ကောင်းကင်》ကို ‌ရွေးပါမယ်! ဘာလို့ဆို အရမ်းကိုချောနေကြတဲ့အဖွဲ့မို့ပဲ!!! 《ခါငှက်‌ကောင်းကင်》ရဲ့ သရုပ်ဆောင်တွေက သေလောက်တယ်!]

[ကျိချင်းကျိုး + ယင်းနျန်က လော့ယွီရှင်း+ယွီဖုန်းထက် ပိုမိုက်တယ်! ကျိုးရှင်းနဲ့ တုချင်းကတော့ တူတူပဲ။ငါ 《ခါငှက်‌ကောင်းကင်》ကိုပဲရွေးမယ်]

[《ခါငှက်‌ကောင်းကင်》က ကျိချင်းကျိုးကို ခေါင်းဆောင်မင်းသားနေရာထားတော့ အရံမင်းသားနေရာတွေကို အဆင့်ဆယ့်ရှစ် သရုပ်ဆောင်တွေဖြစ်မယ် ထင်ခဲ့ပေမယ့် ထွက်လာတော့ 《‌နတ်ဘုရားအမိန့်တော်》ထက် ပိုအံ့ဩဖို့ကောင်းနေတယ်။]

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now