{126}

4K 697 50
                                    

Unicode





“‌ဒါကိုအစက ဟင်းသီးဟင်းရွက်ဥယျာဉ်လုပ်မလို့လေ။ကိုယ့်ပါးက ပြောပြီးပြီ။မနက်ပိုင်း သူ့ဘာသာပေါင်းပင်တွေရှင်းပြီး ကြာပန်းတွေ စိုက်မို့လုပ်တာ။နှစ်ရက်လောက်လည်း စိုက်ပြီးရော လက်လျော့သွားပြီး တစ်ခြားသူတွေကိုပဲ ပေါင်းပင်ရှင်းခိုင်းတော့တယ်။သူကတော့ အိမ်ကို ကြာပန်းတွေသယ်လာဖို့ပဲ တာဝန်ယူတော့တယ်လေ။ဒါ့ပြင် ပါးကလည်း မကြာမကြာမလာနိုင်တော့တာနဲ့ ဒီနေရာက အလွတ်ကြီးဖြစ်သွား ရော။ နှစ်နှစ်လောက်ကြာတော့ ကိုယ်လည်း လူတွေငှားပြီး ဒီနေရာကို သီးပင်စားပင်တွေစိုက်ပလိုက်တယ်။ဒါကြောင့် ကိုယ်မကြာမကြာ ဂရုမစိုက်ဖြစ်ရင်တောင် အချိန်ကျတာနဲ့ သူ့ဘာသာ သီးပြီးပွင့်နေရော။ အကုန်သဘာဝအတိုင်းကြီးလာတာတွေချည်းပဲ။ဒီအပင်တွေအကုန်လုံး ပန်းသီးပင်တွေ၊သစ်တော်သီးပင်တွေနဲ့၊မက်မွန်သီးပင်တွေလေ။အခုက ရာသီချိန်မဟုတ်သေးလို့ မသီးတာ။နောက်နွေရာသီကျရင် မင်းခူးလို့ရအောင် ခေါ်လာပြမယ်”

“အင်း”

သူနှင့်လိုက်လာတဲ့ တစ်လမ်းလုံး ကျိချင်းကျိုးဖြင့် မနာလို အားကျနေရသည်။

“ခင်ဗျားတို့မိသားစုဘဝက အရမ်းပျော်ဖို့ကောင်းတာပဲ”

“ဒီမှာက ခဏတဖြုတ်ပဲနေတာပါ။ ဒီနေရာက မြို့နဲ့ဝေးတော့ အေးချမ်းတယ်ဆိုပေမယ့်လည်း စိတ်အပန်းဖြေဖို့လိုအပ်တဲ့အချိန်မှအသုံးဝင်တာမျိုး။မဟုတ်ရင် ဒီမှာပဲနေဖို့ကျ အထီးကျန်သလိုချည်းလေ။ကိုယ်ကတော့ အထီးကျန်မခံနိုင်ပါဘူး။အဲဒါကြောင့် အနားယူလို့ဝတာနဲ့ ဟိုပဲပြန်ပြေးတာ။ဒီခေတ်လူတွေအကုန်ကလည်း စည်စည်ကားကားရှိတဲ့နေရာကိုပဲ ပိုသဘောကျကြတာလေ”

သူပြောတာကို ကျိချင်းကျိုးလက်ခံပေမယ့်လည်း ဒီလိုကြီးကျယ်ခမ်းနားတဲ့ အိမ်ကြီးရှိတာ အရမ်းကောင်းတယ်လို့ ထင်နေဆဲပဲ။

တစ်အိမ်လုံး လှည့်ပတ်ကြည့်ပြီးနောက် ကောင်းကင်လည်း မှောင်လာပြီဖြစ်၍ တစ်ခုခုစားလိုက်ကြကာ ရေကူးဘောင်ဘီလဲဝတ်၍ ရေပူစမ်းဆီ ချီတက်ကြတော့သည်။

ဘယ်အချိန်မဆို ဆောင်ဦးရာသီလေးမှာ ရေပူစမ်းစိမ်လိုက်ရခြင်းက အသေမိုက်ပင်။ကျိချင်းကျိုးတစ်ယောက် ကျောက်နံရံအားမှီရင်း ပန်းရနံ့လေးကို ရှူရှိုက်ကာ လူတစ်ကိုယ်လုံး သက်သောင့်သက်သာရှိနေသည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now