[81]

4.2K 821 25
                                    

Unicode

“ဟုတ်တယ်” စွင်းဖုရဲ့ မန်နေဂျာက မလျော့တမ်းဆိုလာသည်။

“ကောင်းပြီလေ”

ယန်ဖန်းခေါင်းညိမ့်လိုက်ကာ-

“ဒါဆိုမင်းထွက်သွား။စွင်းဖုလည်းထွက်သွား။ငါတို့ကစိတ်ထားသေးသိမ်တဲ့အတွက် ဒီလောက်ကြီးမြတ်တဲ့ဗုဒ္ဓစိတ်ထားမျိုးမထားပေးနိုင်ဘူး။သွားကြ”

စွင်းဖုမန်နေဂျာကလန့်သွားသည်။

“ထုတ်လုပ်သူယန်စဉ်းစားကြည့်ပါဦး။အခုမှ ကျွန်တော်တို့ထွက်သွားရင် သင့်တော်တဲ့လူကို ရှာဖို့ မလွယ်ဘူးနော်။ဒါ့ပြင်အများကြီးတောင်းဆိုနေတာမှမဟုတ်တာ။အစတည်းက စွင်းဖုကကျော်ကြားပြီးသားဟာကိုဘာမှားနေလို့လဲ”

“ဘာမှမမှားဘူး။ငါက တစ်ခြားသူတွေလိုမင်းကို မဆက်ဆံပေးနိုင်ရုံပဲ” ယန်ဖန်းပြောလိုက်သည်။

“ဒါထက် ဒီဇာတ်ကားက ဘာလို့ ကျိချင်းကျိုးကို ‌ရွေးချယ်တာလည်းမင်းမသိဘူးလား။ရင်းနှီးမြှုပ်နှံသူက သူ့အတွက်ပဲ အကုန်ပုံအောထည့်ထားတာ။မင်းတောင်းဆိုချက်တွေကို ငါသဘောတူရင် ရင်းနှီးမြှုပ်နှံသူကပါ  သဘောတူမယ်ထင်နေလား”

“ရင်းနှီးမြှုပ်နှံသူတွေက အဲ့အကြောင်းတွေဂရုမစိုက်တတ်ကြပါဘူး”

ယန်ဖန်းပြုံးလိုက်၏။

“သူက မင်းထင်ထားတာထက် ပိုဂရုစိုက်တတ်တယ်”

ယန်ဖန်းသည်လည်း စာချုပ်ချုပ်ပြီးမှ ချူချန်က (ယန်းယွီ ) ဆိုတာ သိခြင်းဖြစ်သည်။ထို့ကြောင့် စာရေးသူက ဇာတ်ညွှန်းရေးပိုင်ခွင့်ရှိတယ်ဆိုပြီး စာချုပ်ထဲမှာအမိအရထည့်သွင်းတာဖြစ်မည်ပင်။ထို့ကြောင့်《ခါငှက်‌ကောင်းကင်》ရဲ့မူပိုင်ခွင့်ကြေးက အရမ်းနိမ့်လွန်းနေတာဖြစ်သည်။သို့သော် ချူချန်ရဲ့ ရင်းနှီးပမာဏကမူ အလွန်ကို များလွန်းလှ၏။သူက ဇာတ်ညွှန်းရေးဆရာနဲ့ဇာတ်ညွှန်းကို ထပ်ခါထပ်ခါ အပြန်ပြန်အလှန်လှန်စီစစ်ခဲ့ပြီး သူရဲ့ဖန်တီးထားတဲ့အကြံဉာဏ်တွေ၊ဇာတ်ကောင်တွေရဲ့အကြောင်းတွေကိုပါ ဆက်ပြီးရှင်းပြနေတာဖြစ်သည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now