{62.1}

4.7K 864 47
                                    

Unicode

ရိုက်ကူးရေးဒုတိယနေ့တွင် ပရိုဂရမ်အဖွဲ့သည် ဖန်ယောင်ရွှမ်းအား အရေးပေးသည်ကို ပြချင်တဲ့အနေဖြင့် ဖန်ယောင်ရွှမ်းနဲ့လျန်ကျင်းရှင်တို့ကို ခန့်မှန်းတဲ့ဂိမ်းကစားခိုင်းပြီး အသင်းဖော်ရွေးခိုင်းသည်။

လျန်ကျင်းရှင်က ပထမပွဲစဉ်မှာတင် ဖန်ယောင်ရွှမ်းကို ရိုက်ချလိုက်နိုင်သည်။သူသည် ကျိချင်းကျိုးကို လှမ်းကြည့်ကာ-

"ကျိချင်းကျိုးကိုရွေးမယ်"

သူ့စကားဆုံးသည်နှင့် ဖန်ယောင်ရွှမ်းကပြောလာသည်။

"တိုက်ဆိုင်လိုက်တာ။ကျွန်တော်လည်း ချင်းကျိုးကို လိုချင်တာ။ဒါမှမဟုတ် လျန်ကော...သူ့ကို ကျွန်တော့်ဆီပေးပါ"

လျန်ကျင်းရှင်က အပြုံးလေးနှင့် သတိပေးလာသည်။

"ဖန်ယောင်ရွှမ်း...ဂိမ်းစည်းမျဉ်းတွေကို လိုက်နာပေးပါ "

"အာ ကျွန်တော်က ဒီရှိုးကို အခုမှစရောက်တာဆိုတော့ စိတ်လှုပ်ရှားပြီး မေ့သွားလို့ပါ။တောင်းပန်ပါတယ်"

"ရပါတယ်။နောက်တစ်ခါ မမေ့စေနဲ့"

ဖန်ယောင်ရွှမ်းက စကားမဆိုပေ။လျန်ကျင်းရှင်ကို ပြုံးကြည့်လိုက် ကျိချင်းကျိုးကို တစ်ချက်ဝေ့ကြည့်လိုက်လုပ်နေသည်။ကျိချင်းကျိုးက ချက်ချင်းပဲ တစ်ဖက်လှည့်ပြီး သူ့အကြည့်ကို ရှောင်လိုက်၏။ထူးဆန်းလွန်းသည်။တစ်ဖက်လူက လော့ယွီရှင်းရှိနေရက်နဲ့ သူ့ကိုရွေးရဲ၏။ထိုလူက သူ့ရဲ့ကြာပန်းဖြူလေးစိတ်ဆိုးသွားမှာမကြောက်ဘူးလား?

တကယ်လည်း ဖန်ယောင်ရွှမ်းကကြောက်မနေပေ။ဘာလို့ဆို သူ ဒီရသစုံရှိုးမှာ ပါလိုက်တာက လော့ယွီရှင်းဖိတ်လို့ဖြစ်သည်။ကျိချင်းကျိုး ဒီရသစုံရှိုးမှာ ပါကြောင်း ဖန်ယောင်ရွှမ်းသိတာဖြင့် ကြာလှနေပြီ။လော့ယွီရှင်းရှေ့မှာ ကျိချင်းကျိုးကို အရံအနေနဲ့ ထားဖို့ မကြိုးစားရဲလို့သာ တစ်ခါမှ ပေါ်မလာရတာဖြစ်သည်။

သို့တိုင် လော့ယွီရှင်းက သူတို့ရသစုံရှိုးရိုက်ကူးရေးမှာ ကျိချင်းကျိုးလို့ခေါ်တဲ့လူတစ်ယောက် ရှိကြောင်း၊တစ်ဖက်လူက သူ့ကို အထင်လွဲနေပုံပေါ်ပြီး သဘောမကျသလိုဖြစ်နေကြောင်းပြောပြလာသည်။ထို့ကြောင့် ဖန်ယောင်ရွှမ်းသာ ကျိချင်းကျိုးကို သိရင် သူ့ကိုအမြဲပစ်မှတ်မထားဖို့ပြောပေးပါဦးဟု အကူညီတောင်းလာသည်။ဖန်ယောင်ရွှမ်းကလည်း ထိုစကားကြားရုံနဲ့တင် ကျိချင်းကျိုးနဲ့လော့ယွီရှင်းတို့ ဆုံတဲ့ပုံရိပ်တွေကို ချက်ချင်းလက်ငင်း ပုံဖော်တွေးကြည့်မိလုနီးနီး။ကျိချင်းကျိုး လော့ယွီရှင်းကို သဘောမကျရသည့်အကြောင်းရင်းက တစ်ဖက်လူရဲ့ အစားထိုးခံလေးလုပ်နေရလို့ ဆိုတာသူသိတာပေါ့။ပြီးတော့ သူ့ဘဝတစ်လျှောက်လုံး ကျိချင်းကျိုးကို မသိချင်ယောင်ဆောင်လို့လည်း မဖြစ်နိုင်ပေ။ထို့ကြောင့် လော့ယွီရှင်းကိုပြန်ပြောလိုက်သည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now