{69}

4.9K 882 40
                                    


Unicode

သို့စေကာမူ ဘယ်လိုပဲအလုပ်ပိုတယ်ဆိုဆို နှစ်သစ်ကတော့ ကူးရဦးမှာပင်။

နှစ်သစ်ကူးနေ့တွင် ကျိချင်းကျိုးတစ်ယောက် ခပ်စောစောတည်းက နှစ်သစ်ကူး အကြိုညစာစားပွဲအတွက်ပြင်ဆင်ပြီး နေ့လည်စာဘူးထဲထည့်၍ ဆေးရုံဆီယူသွား၏။သူနဲ့ဝမ်ဖန်းကလည်း အများကြီးမစားနိုင်ကြသူတွေဖြစ်၍ ဟင်းပွဲများများစားစားချက်မနေတော့ချေ။

သူသည် အစားစာများအား အပူပေး‌စက်လေးဖြင့် သေသေသပ်သပ်လေးနွှေးပြီး ကော်ဖီစားပွဲလေးပေါ် ကျကျနနနေရာချနေသည်။ဟင်းပန်းကန်တွေအပြင် သစ်သီးတွေနဲ့မုန့်တွေပါ ပါလေသည်။ဝမ်ဖန်းတစ်ယောက် ကြည့်ရင်း သူမသားက  ရင့်ကျက်သူကြီးတစ်ယောက်ဖြစ်လာပြီး ဘေးလူကိုပါ ဂရုစိုက်တတ်လာပြီဖြစ်ကြောင်းနားလည်လာခဲ့သည်။

ကျိချင်းကျိုး TV ဖွင့်ကာ ဝမ်ဖန်းအား အိမ်ယာပေါ်မှ ထနိုင်ဖို့ ကူညီပေးနေသည်။

"နှစ်ကူးပွဲတော်က အခုပဲလာနေပြီဟာ။ ကျွန်တော်တို့ နှစ်ယောက် အတူတူကြည့်ကြတာပေါ့"

ဝမ်ဖန်းကပြုံးပြုံးလေးဖြင့် သူနှင့်အတူ ဆိုဖာပေါ် ထိုင်နေသည်။

သူမက ကျန်းမာရေးမကောင်းသဖြင့် ကျိချင်းကျိုးက အရက်မပြင်ခဲ့ပေ။ထိုအစား စွပ်ပြုတ်အိုးလေးသာချထား၏။ဝမ်ဖန်းက တစ်ငုံသောက်ရင်း မချိတင်ကဲရေရွတ်လာသည်။

"ရှောင်ကျိုး....သားရဲ့ ဟင်းချက်စွမ်းရည်က အရင်ထက်ပိုကောင်းလာတာပဲ"

"ချက်ရင်းသင်သွားတာလေ"ကျိချင်းကျိုး ဆိုလိုက်သည်။

ဝမ်ဖန်းက လွန်ခဲ့တဲ့ ခြောက်လလုံးလုံး သူတစ်ယောက်တည်း ရင်ဆိုင်နေခဲ့ရတာဖြစ်၍ သားအတွက် စိတ်မကောင်းဖြစ်နေမိသည်။သူမက သားဖြစ်သူလက်အား ဆုပ်ကိုင်ကာ ဝမ်းနည်းစွာဖွင့်ဟလာသည်။

"ပြီးခဲ့တဲ့ ခြောက်လလုံးလုံး အလုပ်တွေပင်ပန်းခဲ့မှာပဲ"

ကျိချင်းကျိုးကတော့ အဆင်ပြေချောမွေ့တယ်လို့တောင် ထင်မိသည်။သူ ဒီကမ္ဘာကို ထူးထူးခြားခြား ကူးပြောင်းလာခဲ့သည့်တိုင်ကံကောင်းစွာ အစတည်းက ချူချန်နှင့် ဆုံခဲ့ရခြင်းဖြစ်၍ သူ့ဘဝလည်း အဆင်ပြေနေခဲ့သည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now