{121}

4.6K 780 16
                                    

Unicode




"ဘာမှ မဖြစ်ဘူး။သူက အကြီးလေ။ ဒါနဲ့ပတ်သက်ပြီး စိတ်ထဲထားမှာ မဟုတ်ပါဘူး။ပြီးတော့ မင်းသူ့ကို ငြင်းလိုက်ပြီးပြီဥစ္စာ။ကျိုးကြောင်းကျကျပြောရင် အဲ့လူသွားသင့်တာကြာပြီ။အခုထိ မသွားသေးတာ ဘာလုပ်ချင်နေလို့လဲမသိဘူး" ချူချန်ကခပ်တည်တည်ပင် ပြောသည်။

"ကျွန်တော်လည်းမသိတော့ပါဘူး"

ရှန်းဝမ့်ရှီဘာတွေတွေးနေလဲ ကျိချင်းကျိုးမခန့်မှန်းတတ်တော့။

"အဲ့ဒါကြောင့်ပြောတာ သူ့ဘာသာလွှတ်ထားလိုက်"

ချူချန်က ဆက်ပြောသည်။

"ဘယ်လိုဖြစ်ဖြစ် မင်းလည်း ဒါရိုက်တာချို့တဲ့တာမှမဟုတ်ပဲကို"

ကျိချင်းကျိုး ပြုံးလိုက်တယ်။သူက သရုပ်ဆောင်တစ်ယောက်လေ။ဖြစ်နိုင်ရင် ဒါရိုက်တာတိုင်းနဲ့ ဆက်ဆံရေးကောင်းချင်တာပေါ့။သူငြင်းထားတဲ့ ရှန်းဝမ့်ရှီနဲ့တောင် ဆက်ဆံရေးကောင်းဖို့ မျှော်လင့်မိတာ။

ဒါပေမယ့်လည်း ကျိချင်းကျိုး နောက်လှည့်ကြည့်တော့ ခပ်ဝေးဝေးရောက်နေပြီဖြစ်၍ အခုမှ သက်သက်ကြီး ပြန်လှည့်ပြီး ရှန်းဝမ့်ရှီကို ဟယ်လို သွားနှုတ်ဆက်ရအောင်လည်း မဟုတ်သေးပါ။အားလုံးချူချန်အပြစ်တွေ။
သူကအဲ့မှာရပ်နေပြီး အရပ်ကလည်းရှည် ချောလည်းချောနေတော့ လှည့်လိုက်ချိန် သူ့ပဲ တန်းမြင်တာပေါ့။ သူ့မလှမ်းမကမ်းမှာထိုင်နေတဲ့ ရှန်းဝမ့်ရှီကို ဘယ်လို သတိထားမိမှာလဲနော် ။ ပြောရရင် သူ့အမှားလည်းပါပါတယ်။ချူချန်ကို မြင်ပြီး အရမ်းပျော်လွန်းအားမကြီးနေရင် ဒီလိုကလေးဆန်တဲ့ အမှားမျိုး လုပ်မိမှာ မဟုတ်ဘူး။

"ထားလိုက်ပါတော့။ ဒီတိုင်း သွားကြရုံပဲရှိတော့တယ်"

ချူချန်မှာ အရိပ်တကြည့်ကြည့်ဖြင့် ဘေးမှာ ဘယ်သူ့မှ မရှိတာနဲ့ လူကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်-ကျိချင်းကျိုးကို သူမြင်လိုက်သည့်ခဏတည်းက ဒီလိုလုပ်ချင်နေတာကြာပြီ ။

ကျိချင်းကျိုးမှာ အထိတ်တလန့်ဖြစ်သွားလျက်....ပတ်ပတ်လည်ကို ကျီးကန်တောင်မှောက်ကြည့်ကာ ဘယ်သူ့မှ မမြင်မိမှဘဲ စိတ်အေးသွားသည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now