{74}

4.4K 771 41
                                    

Unicode


ကျိချင်းကျိုးက ထိုင်ခုံခါးပတ်ပတ်၍ နားထောင်နေရင်း ခဏတန့်သွားတာ ယင်းနျန်ကိုကြည့်လေသည်။

“ ဒါတောင် မချိန်းထားဘူးပြောသေးတယ်ပေါ့လေ”

“ဘယ်လိုချိန်တွေ့မှုမျိုးက တစ်ယောက်တည်းရှိလို့လဲ”

ယင်းနျန် သူ့ကိုကြည့်လိုက်၏။

“မင်းနဲ့ ချိန်းတွေ့လိုက်ရမလား”

ကျိချင်းကျိုး : !!!!!!!!

ယင်းနျန် ရယ်လိုက်မိ၏။

“တကယ်ပဲနောက်တာပါကွာ...သွားကြစို့ ငါမင်းကို ထမင်းဖိတ်ကျွေးမယ်”

ကျိချင်းကျိုးက ယင်းနျန်ကိုကြည့်၍ စိတ်ထဲ၌မူ :ဪ ယင်းနျန်က အပြင်မှာ ဆို ဒီလိုပုံမျိုးပေါ့ ထင်မထားဘူး...ဟုတွေးနေ၏။

ယင်းနျန် သူ့ကိုခေါ်လာတဲ့စားသောက်ဆိုင်က အတော်လေး ကြီးကျယ်ခမ်းနား၏။ထိုင်ခုံတွေကလည်း တစ်ခုံနှင့်တစ်ခုံကြား အတော်လေးအလှမ်းကွာဝေးကာ တစ်ဖက်ပိတ်ခုံတွေဖြစ်သည်။ထိုင်ခုံရှေ့လေးတွေမှာကျ အရောင်စိုစို အစိမ်းရောင်အပင်လေးတွေအားထားထား၏။

ယင်နျန်က ကြိုတင်ချိန်းထားပြီးသားဖြစ်၍ ဝန်ထမ်းကသူတို့ကိုချက်ချင်း ခေါ်သွားသည်။ချစ်သူများနေ့ဖြစ်သောကြောင့်ထင်သည် စားသောက်စားပွဲပေါ်၌ နှင်းဆီဖြူဖန်အိုးလေးတွေအားချထားကြ၏။ကျိချင်းကျိုး ထိုင်လိုက်ရုံပင်ရှိသေး မြို့လယ်ခေါင်ထဲရှိ အထင်ကရအဆောက်အဦးတွေအား တန်းတွေ့နေရလေသည်။

“ညဘက်လာမှပိုမိုက်တာ”

ယင်းနျန်ကပြောလာ၏။

“အဲ့အချိန်ကျ ညမြင်ကွင်းတွေတအားလှတာပဲ”

“ဒါဆိုလည်း မင်း ချိန်းထားတဲ့သူလေးနဲ့ ဘာလို့ ညကျမှ မလာကြတာလဲ”ကျိချင်းကျိုး ပဟေဋိဖြစ်နေသည်။

သူက ချစ်သူများနေ့အတွက် ညရှူခင်းတွေမြင်ရသည့်ထိုင်ခုံနေရာတောင် အထူးသီးသန့်မှာထားပြီးပြီဟာ ဘာလို့များ သူချစ်တဲ့သူနဲ့ညဘက်မှ အတူတူမလာရတာလဲ။

“သူမက အခုအလုပ်များနေရင်တောင် ညဘက်ကျ အားမှာပါကွာ။မင်းသူမနဲ့အတူ ညရှူခင်းတွေကြည့်လို့ရတာပဲ”

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now