{44}

5K 921 57
                                    

Unicode

မုန့်ယွမ်ပိုင်ကတော့  တကယ့်ကိုအံ့ဩမင်သက်သွားကာ မချီးကျူးဘဲမနေနိုင်တော့ချေ။

"ကျင်းရှင်ရာ မင်းက ဒီလောက်ကြီး ပညာဗဟုသုတကြွယ်ဝနေတော့ ငါ့နှယ်စကားတောင်မပြောနိုင်တော့ဘူးကွာ"

ယွီအန်းယီက ရယ်မောရင်း ကျိချင်းကျိုးအားတိုးတိုးကပ်ပြောလာသည်။

"သူ ဒါကိုကြွားလုံးထုတ်လို့ရတာပေါ့"

ကျိချင်းကျိုးက မျက်လုံးပင့်ပြီး သူမကိုမော့ကြည့်လိုက်တော့ ယွီအန်းယီက တစ်ခုခုကိုသတိရသွားသလိုမျိုး သက်ပြင်းချလာသည်။

"အိုက်ယိုးးး ဘက်စုံကျွမ်းကျင်တဲ့အနုပညာကျောင်းသားတစ်ယောက်ပဲဟာ"

"လျန်ကောနဲ့ အရမ်းရင်းနှီးကြတာလား"

ကျိချင်းကျိုး သူမကိုမေးလိုက်သည်။

"သန့်ရှင်းတဲ့လုပ်ဖော်ကိုင်ဖက်ဆက်ဆံရေးပါပဲ"

ယွီအန်းယီသည် မိုက်ခ်ကိုအုပ်လိုက်ပြီး ကျိချင်းကျိုးကို မနေနိုင်စွာပြောပြလာသည်။

"သူ့ရဲ့အခု ခွေးကောင်ကြီးလိုရုပ်ရည်ကိုပဲကြည့်မနေနဲ့။အဲ့တာက သူရင့်ကျက်သွားတာဟ။အရင်ကဆို လူတွေကိုအသေဒေါသထွက်အောင်လုပ်နိုင်တယ်။"

ကျိချင်းကျိုး သိချင်လာရ၏။

"မင်းကိုစိတ်ဆိုးအောင်လုပ်လို့လား"

"အဲ့အချိန်ကဆို သူတည်ရှိမှုကြောင့် ငါအတော်စိတ်ကုန်ရတယ်"

ယွီအန်းယီသည် စကားဆုံးသည်နှင့် ကျိချင်းကျိုးကိုဆွဲ၍ တတိယမြောက်အခန်းဆီချီတက်တော့သည်။သူမသည် အခန်းထဲမှ ရှုပ်ပွနေသောပစ္စည်းတွေကိုကြည့်ပြီး အထိတ်တလန့်ပြောလာသည်။

"ဘာလို့ပစ္စည်းတွေအများကြီးရှိနေတာလဲ"

"ရပါတယ်"

ကျိချင်းကျိုး သူမကိုနှစ်သိမ့်ပေးလိုက်သည်။

"သော့ရှာရုံပဲဟာ။အံဆွဲတွေနဲ့ဗီရိုတွေကိုအရင်ရှာကြတာပေါ့"

"အင်း "

ယွီအန်းယီ ခေါင်းညိမ့်လိုက်သည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now