{23.3}

8K 1.3K 113
                                    

Unicode

{ဪ မင်းအခုပဲဘာမေးလိုက်တာ…ကိုယ်နဲ့ကျန်းနန်နဲ့ဘယ်လိုသိလည်းဟုတ်လား}

{အင်း}
လမ်းကြောင်းမှန်ပေါ်ရောက်သွားမှ ကျိချင်းကျိုးထပ်မေးလိုက်သည်။

{ကျွန်တော်က ခင်ဗျားညီလေးဆိုပြီးဘာလို့ပြောတာလဲ}

{ကိုယ်ကျန်းနန်ကိုမသိဘူး။မင်းရဲ့ ထုတ်လုပ်သူကိုသိပေမယ့် ဖုန်းဆက်လို့မရတော့ ကျန်းနန်ကိုတွေ့သွားတာ။လွန်ခဲ့တဲ့နှစ်နှစ်က မူပိုင်ခွင့်ကိစ္စတွေတအား hot လာတယ်လေ။ကျန်းနန်က copyrightအကြောင်းလာပြောဖူးတယ်…
ကိုယ့်စီနီယာက တာဝန်ယူရတော့ သူ့ဖုန်းနံပါတ်ကို စီနီယာဆီကနေ မနေ့ညမှမေးလိုက်တာ…အနုပညာလောကနဲ့ ယဉ်ကျေးမှုက ဘာမှမကွာခြားဘူး…နောက်ပိုင်း သူက ကိုယ်တို့နဲ့ ပူးပေါင်ရမှာမို့ မင်းကိုမျက်နှာသာပေးတာပေါ့။မင်းကို ကိုယ့်ညီလေးအနေနဲ့ပြောလိုက်တဲ့တွက် ဒီညကိုယ်ပြသပေးပါမယ့်။ကိုယ့်ညီ‌လေးရော ဘာပြောချင်သေးလဲ}

{သူငယ်ချင်းလို့ပြောလည်းရတာကို}

{မင်းဆိုရင်ရောယုံမလား? ဘယ်မိသားစုရဲ့သူငယ်ချင်းကများညအိပ်ချိန်ကြီး မအိပ်ဘဲ တစ်ဖက်လူအတွက် အချိန်ဇယားလှမ်းညှိပေးလို့လဲ။နောက်နေ့ထိတောင်မစောင့်ဘဲနဲ့လေ}

{ဒါနဲ့ပဲ ခင်ဗျားရဲ့ညီလေးလို့ပြောလိုက်တာလား}

{အစ်ကိုကြီးက ညီလေးကို ဂရုစိုက်တာပုံမှန်ပဲလေ…မှန်မှန်ကန်ကန်ဖြစ်ရုံသာမကညီအစ်ကိုနှစ်ယောက်ရဲ့ လေးစားမှုတွေကိုပြသဖို့ ခိုင်လုံတဲ့အကြောင်းပြချက်ပဲလေ}

ကျိချင်းကျိုး သက်ပြင်းချကာ
{ကျွန်တော်က ခင်ဗျားရဲ့သာမန်ကာလျှံကာအမှတ်အသားကြီးကိုကြောက်လို့ပါ။သူတို့က ကျွန်တော့်ကို ခင်ဗျားရဲ့ဆွေမျိုးလိုပဲတကယ်ဆက်ဆံနေကြတာ}

{ကောင်းတာပေါ့ မင်းကိုဘယ်သူအနိုင်ကျင့်ရဲမလဲစောင့်ကြည့်နေရမယ်}

{ခင်ဗျားမိသားစုဝင်တစ်ယောက်ယောက်ကြားသွားရင်ရော}

ရှီးယွီကုမ္ပဏီမှာ ချူချန်ရဲ့အစ်ကိုကြီး ဦးဆောင်နေသေးတာကို ကျိချင်းကျိုးမမေ့ပေ။ကျိချင်းကျိုး စာအုပ်ဖတ်တုန်းက ချူချန်ရဲ့အစ်ကိုအကြောင်းစာရေးသူရှင်းပြထားတဲ့တစ်ကြောင်းနှစ်ကြောင်းကိုသတိရသွားတယ်။ချူချန်အစ်ကို ချူရှင်းက အရမ်းတည်ကြည်လေးနက်ကာ အလုပ်စက်ကြီးလိုပဲတဲ့။ချူချန်မှာ ‌ဈေးပေါ်တဲ့ညီလေးတစ်ယောက်ရှိတယ်လို့သာ ကြားသွားရင်တော့ ဘယ်လိုပုံစံကြီးဖြစ်သွားမလဲ မတွေးတတ်တော့ဘူး။
အတော်ကြည့်ရဆိုးလောက်တယ်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now