{85}

4.1K 759 14
                                    


Unicode

ကျိချင်းကျိုးက သူအဲ့လိုပြောမယ်မထင်ထား၍ တအံ့တဩကြည့်လိုက်မိလေသည်။

ယင်းနျန်က အလွန်ညင်ညင်သာသာလေးပြုံးလာ၏။

“ကျိချင်းကျိုး....မင်း လူတစ်ယောက်ကို သဘောကျခဲ့မိရင် မင်းအတွက် ရလဒ်ကောင်းလားမကောင်းဘူးလား ဆိုတာကို သေသေချာချာလေးတွေးရမယ်နော်။မင်း နောင်တရမဲ့အဖြစ်မျိုး မလုပ်မိပါစေနဲ့။နားလည်ရဲ့လား” 

“မင်းက နောင်တရလို့လား” ကျိချင်းကျိုး သူ့ကိုပြန်မေးလိုက်၏။

ယင်းနျန်က ခေါင်းလေးယိမ်းကာ-

“နောင်တရစရာတော့မရှိပါဘူး။ငါ့ဘဝလည်း သာမန်လူတွေရဲ့ ဘဝလိုမျိုး လွဲမှားမှုတွေရှိမယ်၊ဝမ်းနည်းမှုတွေရှိမယ်၊ပျော်ရွှင်မှုတွေရှိမယ်၊ငါ့ကိုယ်တိုင် ဆုံးဖြတ်ခဲ့တာမို့ ဘယ်လိုရလဒ်ပဲလာလာ ငါလက်ခံရမှာပေါ့။နောင်တမရပါဘူး”

“ဒါဆို ငါလည်း နောင်တမရဘူး”

ကျိချင်းကျိုး ပြောလိုက်သည်။

“အခုချိန် ပျော်နေရတာနဲ့တင် ငါ့အတွက်လုံလောက်နေပြီ။အနာဂတ်မှာ ဘယ်လိုအရာတွေ ကြုံတွေရမလဲမသိဘူးလေ။အဲ့တော့ လက်ရှိမှာပဲ ကောင်းကောင်းရှင်းသန်ရမယ်။”

ယင်းနျန်သည် သူ့ကို လက်ရှိပေါ်ပဲ အာရုံမစိုက်ထားဖို့ အကြံပေးဖျောင်းဖျချင်ပေမယ့် အဆုံးမှာတော့ ဘာမှမပြောလိုက်မိပေ။ လူတိုင်းမှာ လူတစ်ယောက်ကို သဘောကျဖို့ နှလုံးသားရှိတာချင်း တူကြ‌ပေမယ့် စိတ်နေစိတ်ထားကတော့ ကွဲပြားကြသည်။တစ်စုံတစ်ယောက်ကို ချစ်မိသွားရင် မျက်စိတွေမှိတ်နားတွေပိတ်ထားလို့ မျက်မမြင်နားမကြားဖြစ်နေရင်တောင် နှလုံးသားက ထိုလူတစ်‌ယောက်တည်းကိုပဲ တောင့်တနေလိမ့်မည်။ဒါက အချစ်မှာကျဆုံးသွားတဲ့ လူတိုင်းရဲ့ ပုံစံပင်။သူ့ရဲ့ အတွေ့အကြုံပေါ်ပဲ မူတည်ပြီး ဘယ်သူ့ကိုမှ ကြားဝင်မပြောသင့်ပေ။

သူ ထိုအရာကို တွေ့ကြုံရပြီးလို့ ဒဏ်ရာဒဏ်ချက်တွေနဲ့ပင်ပန်းလွန်းလို့ လက်လွှတ်ချလိုက်တာဖြစ်သည်။ဒါပေမယ့် ကျိချင်းကျိုးကတော့ ထိုအရာကိုအခုထိ မတွေ့ကြုံဖူးသေး။ထို့ကြောင့် အချစ်ဆိုတဲ့အရာကို တောင့်တနေဆဲ၊လိုချင်နေဆဲဖြစ်၏။ယင်းနျန်က သူ့ရဲ့ ကိုယ်ပိုင် အတွေ့အကြုံတွေနဲ့ ကျိချင်းကျိုးအပေါ် မသတ်မှတ်ချင်ပေ။သူက ကျိချင်းကျိုးမဟုတ်သလိုချူချန်ကလည်း ထန်းယွီမဟုတ်သဖြင့် မဆီလျော်သလို လိုလည်းမလိုအပ်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now