{20}

9K 1.3K 80
                                    


Unicode

ကျိချင်းကျိုးက ချူချန်ကိုကြည့်လိုက်တော့ ချူချန်ကလည်းပြန်ကြည့်လာသည်။သူ့အကြည့်တွေက အရမ်းကို ကြင်နာရိပ်သန်းနေလျက် …ကျိချင်းကျိုးသည် ထိုမျက်ဝန်းတွေကိုကြည့်ရင်းနဲ့ ချူချန် သူ့ကိုတောင်းဆိုစရာမလိုပါဘူးလို့ ခံစားလိုက်ရတယ်။အခုပဲ အဲ့လိုဖြစ်ပြီးသွားပြီလေ။သူ့ခွန်အားတွေတိုးပြီးသန်မာလာရင်တောင် ချူချန်ကိုလုံးဝမခုခံလိုပေ။သို့သော် ချူချန်ကတော့ သူ့ကိုတောင်းဆိုလာသည်။
ကျိချင်းကျိုးတစ်ယောက် ခေါင်းငုံ့ကာ သူ့နှလုံးသားကလည်း အဆက်မပြတ်ခုန်ပေါက်နေ၏။အရင်ကဆို ဘယ်သူနဲ့မှ ဒီလိုနီးနီးကပ်ကပ်ကြီးမနေဖူးပေ။သူစိတ်လျော့ဖို့လိုနေပြီ…တကယ်တော့ ချူချန်ရဲ့နူးညံ့မှုတွေထဲ နစ်မျောပြီး အသက်ရှူမှားသွားရုံပဲဟာ…

"နောက်တစ်ကြိမ်မှပေါ့"
သူတိုးဖွဖွလေးပြောလိုက်သည်။

သူ့လိုရှက်မနေတဲ့ချူချန်ကတော့ ခေါင်းညိမ့်ပြလာသည်။
"ဒါဆိုမှတ်ထားမယ်"

ကျိချင်းကျိုး သဘောတူပြီး မော့ကြည့်လိုက်တော့ ချူချန်ရဲ့မျက်ဝန်းလေးတွေကအစပြုံးနေပြီး သူ့ကိုကြည့်နေသည်အားတွေ့လိုက်ရတယ်။ချူချန်ပြုံးရင်အရမ်းအရမ်းကြည့်ကောင်းသည်။အများအားဖြင့် သူ့မျက်လုံးတွေက ထက်မြက်စူးရှပေမယ့် ပြုံးလိုက်ချိန်မှာတော့ ချက်ချင်းနူးညံ့သွားသည်။သူ့ကိုကြည့်ရင်းနဲ့ကျိချင်းကျိုးရဲ့နှလုံးခုန်သံတွေလည်း ဖြည်းဖြည်းချင်းတည်ငြိမ်လာခဲ့တယ်။

နောက်ဆုံး သူပြန်ပြီးတည်ငြိမ်လာတာကိုကြည့်နေသောချူချန်မှာ မစ,ဘဲမနေနိုင်တော့ပေ။သူနဲ့ကျိချင်းကျိုးတို့အတူရှိချိန်က ဒီလောက်အချိန်အပိုင်းခြားလေးသာဖြစ်သော်လည်း ကျိချင်းကျိုးက ဘယ်သူ့ကိုမှမချစ်ဖူးသလို ရင်းရင်းနှီးနှီးနေဖူးမှာလည်းမဟုတ်တာကို သူသိနိုင်ပါတယ်။ထို့ကြောင့်လည်း တစ်ခါတစ်လေ နည်းနည်းနီးနီးကပ်ကပ်နေတာတို့ ကလူ၏မြှု၏တို့ကြောင့် အလွန့်အလွန်ကြံ့ကြံ့ခိုင်အောင်ကြိုးပမ်းနေရတာဖြစ်သည်။

သူ့ရဲ့ရှက်ကြောက်စိတ်အပြင် အလွန်ရိုးသားသူလည်းဖြစ်သည်။သူသည်းမခံနိုင်ရင်တောင်မှ ခေါင်းမရှောင်ပေ။တစ်ခါတစ်ရံဆို တစ်ချို့အံ့ဩစရာလှုပ်ရှားမှုလေးတွေကိုတောင် သူက စတင်ပေးသည်။ဆေးခန်းမှာတုန်းက ကျိချင်းကျိုးကို နှစ်ကြိမ်အနမ်းပေးခဲ့တာကို ချူချန်အမြဲမှတ်မိနေခဲ့သည်။စစချင်းတော့ ကျိချင်းကျိုး အံ့ဩသွားသော်လည်း ဒေါသမထွက်ခဲ့သလို စိတ်အနှောင့်ယှက်လည်းမဖြစ်ခဲ့ပေ။ထိုအစား သူထပ်နမ်းချင်သေးရင်ရပါတယ်ဆိုပြီးတောင် ညင်ညင်သာသာလေးအကြံပြုလာခဲ့တယ်။သူစကားလေးကြောင့်ပဲ နောက်ပိုင်းတစ်ခြားတစ်ယောက်က သူ့ကိုအရင်နမ်းရင်တောင် ထိုသူဟာ ဆုံးရှုံးသွားသလိုခံစားရမှာဖြစ်သည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now