{26}

8.3K 1.2K 41
                                    


Unicode

သူထိုသို့ပြောလိုက်သည်နှင့် ကျန်းနန်ကမြန်မြန်ဖျောင်းဖျလာသည်။

"မစ္စတာချူရယ် ကျွန်မလည်း ဒါရိုက်တာနဲ့လက်ထောက်ဒါရိုက်တာကို အဲ့အကြောင်းပြောထားပြီးပါပြီ။ဒါကြောင့် ထားလိုက်ပါတော့ရှင်"

"ဘာလို့ထားလိုက်ရမှာလဲ"

ချူချန်က ကျန်းနန်ဘက်လှည့်လာသည်။

"အနိုင်မကျင့်ပါနဲ့လို့ပြောထားရင် ဆက်ပြီးအနိုင်မကျင့်သင့်ဘူး‌။ ဒီနေ့ရိုက်ကွင်းမှာ ချန်ကျိယွမ်ကကောင်းကောင်းမလုပ်တာကို ဒီမျက်လုံးတွေနဲ့မြင်နိုင်ခဲ့တာပဲလေ ။ရလဒ်ကကော သူတို့က မင်းသားချန်နဲ့ရိုက်ကူးရေးမှာပူးပေါင်းနေကြတုန်းပဲ"

ချူချန်ပြုံးလိုက်သည်။

"ထုတ်လုပ်သူကျန်း ကျွန်တော့်ကိုဖုန်းထဲမှာကတိပေးခဲ့တုန်းက ဒီလိုမဟုတ်ပါဘူး"

ကျန်းနန်ကမူ ရှက်ရွံ့စွာဆိုလာခဲ့လျက်

"ဒီတစ်ခါနောက်ဆုံးပါပဲရှင် ဘယ်တော့မှထပ်မဖြစ်စေရဘူးလို့ ကျွန်မကတိပေးပါတယ်…ချန်ကျိယွမ်ကလည်း ရှောင်ကျိပေါ်အဲ့လိုမလုပ်စေရတော့ပါဘူးရှင်"

"ဟုတ်တယ်ဟုတ်တယ်"
ကျောင်းဟွေ့ကချက်ချင်းပြန်ပြောလာသည်။

"ကျိယွမ်က နောက်ပိုင်း ရှောင်ကျိနဲ့ကောင်းကောင်းရိုက်ကူးပေးမှာပါ…ရှောင်ကျိကိုလည်း ဥက္ကဌရဲ့ညီလေးလို့မသိခဲ့ရုံပါ…ဒါ့ပြင် ကျိယွမ်ကလည်း မိုက်မဲတဲ့လူတစ်ယောက်မဟုတ်တော့ပါဘူး"

"ကိစ္စမရှိပါဘူး…online dramaတစ်ခုရဲ့နံပါတ်သုံးဇာတ်ပို့ပဲမဟုတ်လား ? ကျွန်တော်ကဘာ၊ကျွန်တော့်မိသားစုကဘာဆိုတာကျန်းကျဲလည်းသိပါတယ်။ပြောရရင် ချင်ကျိုးက step by stepသွားချင်ဆိုလို့သာဆက်လုပ်ခွင့်ပေးထားတာ။မဟုတ်လို့ ကျွန်တော့်အလိုတိုင်းသာဆို ချန်ကျိယွမ်လိုလူနဲ့တွဲပေးပါ့မလား? ရှီးယွီမှာက မင်းသား၊ မင်းသမီးတွေနည်းနေလို့လား…ကျွန်တော့်လက်ဝယ်ပိုင်ထားတဲ့ မူပိုင်ခွင့်တွေမရှိလို့လား ? သူမသုံးနိုင်တဲ့ဘယ်အရာများ ရှိလို့လဲ ?"

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now