{60}

5.5K 863 40
                                    


Unicode

နောက်တစ်နေ့မနက်၌ ကျိချင်းကျိုးသည် အရင်နေ့တွေကအတိုင်း ရိုက်ကူးရေးအတွက်ပြင်ဖို့ အိပ်ရာထလေသည်။ချူချန်က စောင်ထဲမှထွက်နေသည့် လူကို ဆွဲဖက်ကာ-

"အစောကြီးရှိသေးတယ်မဟုတ်လား"

"နောက်ကျတော့မယ်။ ရှစ်နာရီထိုးနေပြီ။ကျွန်တော်သွားပြီး မိတ်ကပ်ပြင်ရဦးမှာ"

ကျိချင်းကျိုးက သူ့ကိုပြန်ငဲ့ကြည့်လိုက်သည်။

ချူချန်မှာ စိတ်မပါတပါဖြင့် မျက်လုံးဖွင့်လိုက်ရသည်။

"ဒါဆို ကိုယ်လည်း ထတော့မယ်"

"ခင်ဗျားပါ လိုက်ထဖို့မလိုပါဘူး။ဆက်အိပ်ဦး။ကျွန်တော်က မိတ်ကပ်တွေဆံပင်တွေသွားပြင်ရမှာ ခင်ဗျားလိုက်လို့ မကောင်းဘူး"

ကျိချင်းကျိုးက ပြောလိုက်သည်။

ချူချန် အိပ်ရာပေါ်ထထိုင်လိုက်ချိန် ကျစ်လစ်သောအပေါ်ပိုင်းခန္ဓာကိုယ်ကြီးအား လှစ်ဟပြနေ၏။သူသည် ကျိချင်းကျိုးအား တစ်ချက်ဝေ့ကြည့်ကာ-

"အင်းပါ။ မင်း မိတ်ကပ်ပြင်ပြီး အဝတ်အစားတွေဘာတွေပြင်နေတုန်း ကိုယ်လည်း မန့်ရှဲန်းနဲ့ အလုပ်ကိစ္စပြောနေလိုက်မယ်လေ။ကိုယ်တို့ ပြီးသွားတာနဲ့ မင်းဆီလာမယ်"

"အင်း"

ကျိချင်းကျိုးက ခေါင်းညိမ့်သဘောတူလိုက်သည်။

ချူချန်ကတော့ သူ့ကိုဖက်ထားပြီး အနမ်းပေးလာ၏။

"သွားလို့ရပါပြီ"

ကျိချင်းကျိုးတစ်ယောက် အိပ်ရာထ၊ရေမိုးချိုး အဝတ်အစားလဲပြီး အခန်းထဲမှ ထွက်သွားခဲ့သည်။သူမိတ်ကပ်လိမ်းပြီး အဝတ်အစားဘာညာပြင်ပြီးချိန်ကျ ၉:၄၀ ရှိနေပြီဖြစ်သည်။လျန်ကျင်းရှင်တောင်မှ အခန်းတစ်ခန်းရိုက်ကူးပြီးလို့ အနားယူနေ၏။

ကျိချင်းကျိုးမှာ မနေ့ကလည်း သူနဲ့ရိုက်ကူးရေးမရှိသည့်အတွက် ရိုက်ကွင်းသို့ရောက်ရောက်ချင်းပဲ နေ့ဘက် ရိုက်ကူးရေးအကြောင်းပြောဖြစ်ကြသည်။ဒီနေ့မှာ အခန်းနှစ်ခန်းပဲရိုက်ရမှာဖြစ်သည်။ဇာတ်ကွက်တွေကလည်း တအားရိုးရှင်းသည်။ ထို့ကြောင့် မကြာခင်ပဲ ရိုက်ကူးရေးပြီးသွား၏။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now