{62}

4.8K 903 26
                                    


Unicode



သူသည် ချူချန်ကိုကြည့်ပြီး သည်ခဏ၌  ဘာပြောရမှန်းမသိခဲ့ချေ။

ထိုပုံစံလေးကိုမြင်တော့ ချူချန် ကရယ်လိုက်သည်။

"အရင်က နီးနီးကပ်ကပ်မနေခိုင်းတော့ ဝမ်းနည်းတယ်၊အခု နီးနီးကပ်ကပ်နေခိုင်းပြန်တော့လည်း မလိုဘူးတဲ့။ဘေဘီရားး မင်းကို ဝန်ဆောင်မှုပေးဖို့ကလည်း ခက်ခဲပါ့ဗျာ"

ကျိချင်းကျိုးက ထရယ်လာသည်။သူနည်းနည်းလေး အနေခက်မိပေမယ့် စိတ်ထဲကလည်းကျေနပ်နေပြန်သည်။သူ ခေါင်းငုံ့ပြီး ချူချန်ကို ဖိနမ်းလိုက်ချိန် ချူချန်က ကိုယ်တစ်ပတ်ပြန်လှည့်ပြီး သူ့ကို  ဖိထားလျက် အကြာကြီးနမ်းရှိုက်လာခဲ့၏။ထို့နောက် ကျိချင်းကျိုးလည်း  သူ့ပခုံးထက် ခေါင်းမှီပြီး တိတ်တိတ်လေး လှဲအိပ်နေလိုက်တော့သည်။

သူသည် ချူချန်ပြောသွားသော "မင်းဘက်က တအားတွေ နီးကပ်လာတိုင်း  ကိုယ် မင်းကို ချစ်မိသွားမှာကြောက်နေရလို့ပါ" ဆိုသည့်စကားကိုပြန်တွေးပြီး နည်းနည်း ပျော်နေမိသည်။သို့သော် များမကြာမီပင် ထိုသူ၏"ကိုယ့်လို မရိုးဖြောင့်တဲ့စီးပွားရေးသမားတစ်ယောက်က အဲ့လိုအမှားလေးကို ကျူးလွန်နိုင်ပါ့မလား။အဲ့ဒါက ကိုယ့်ကိုကိုယ် ပြန်ဒုက္ခပေးရုံသက်သက်ပဲ" ဆိုသည့်စကားက သူ့စိတ်ထဲ နေရာယူသွားပြန်သည်။ချူချန်က သူ့ကိုချစ်လာမှာမဟုတ်ပေ။ကျိချင်းကျိုးကပါ ကိုယ့်ဘာသာပြန်သတိပေးလိုက်သည်။နောက်ပိုင်း သူလည်း အဲ့လို အမှားမျိုး မကျူးလွန်စေရဘူး။

ဝမ်းနည်းဖို့ကောင်းပေမယ့် ဒါက ပုံမှန်အခြေအနေတစ်ခုပင်။

"ဝမ်းနည်းနေသေးလား"

ချူချန်သည် မိမိပခုံးထက်၌ မှီထားသူအား ငုံ့ကြည့်လိုက်သည်။

ကျိချင်းကျိုးက ခေါင်းခါပြလာ၏။

"အဲ့ဒါဆို ကိုယ့်ကို စိတ်ပျက်နေသေးလား"

ထိုစကားကြောင့် ကျိချင်းကျိုးက လူကိုမော့ကြည့်လိုက်ချိန် ချူချန်ကလည်း သူ့ကိုပြန်စိုက်ကြည့်နေသည်နှင့်အကြည့်ချင်းစုံသွားရ၏။ကျိချင်းကျိုးတစ်ယောက် သဘောတကျ ပြုံးလိုက်မိကာ ချူချန်၏မေးစေ့အားမော့နမ်း၍ ခေါင်းယမ်းပြလိုက်သည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now