{78}

4K 769 52
                                    

Unicode

ထိုကောမန့်တွေကို ကျိချင်းကျိုးပရိတ်သတ်တွေတွေ့တာနဲ့ လော့ယွီရှင်းပရိတ်သတ်တွေကို အမြန်နှုန်းနဲ့ပန်းကန်လုံးစီးပြီး ဆွဲဖြဲကြတော့သည် ။ သို့သော် လော့ယွီရှင်းပရိတ်သတ်တွေရဲ့ 《‌နတ်ဘုရားအမိန့်တော်》ဆိုသောစက်သေနတ်ကြီးကိုတော့ ကောင်းကောင်းပြန်မတိုက်နိုင်ကြပေ။သူတို့ဘာပြောပြော ဒဏ်ခတ်ခံရတယ်ပဲ။ဒေါသထွက်နေသော ကျိချင်းကျိုးပရိတ်သတ်တွေမှာ အင်တာနက်ကြိုးကနေ အပြင်ထွက်ပြီး ခွေးခေါင်းတွေတစ်ခေါင်းပြီးတစ်ခေါင်းရိုက်ချင်နေသည့်စိတ်ကြောင့် လက်တစ်ယားယား။မနာလိုမဖြစ်ဘူးဆိုတာတော့ မပြောနိုင်ပေ။ကျိချင်းကျိုးပရိတ်သတ်တွေက 《‌နတ်ဘုရားအမိန့်တော်》နဲ့ သူတို့ကောကော စာချုပ်ချုပ်ထားတာမဟုတ်တဲ့အတွက် အံ့ဩမိကြသော်လည်း တစ်ခြား စိတ်ကူးယဉ်ဇာတ်လမ်းIPကြီးကြီးက ကမ်းလှမ်းလာဖို့မျှော်လင့်နေကြသည်။

လူတိုင်းအဖွဲ့ထဲမှာ ဆွေးနွေးကြပြီး သူတို့ဘာမှမတတ်နိုင်ပေမယ့် တစ်ခြားIPအကြီးကြီးက ကျိချင်းကျိုးကို တကယ်ဆက်သွယ်လာစေဖို့ ဆုတောင်းနေကြသည်။

ကျင်းကျင်း၊ချင်းချင်းမဟုတ်ဘူး : [ လော့ကောင်စုတ် မကြွနိုင်အောင် 《‌နတ်ဘုရားအမိန့်တော်》ထက် ပိုနာမည်ကြီးတဲ့IPဆိုမိုက်မယ်နော်]

နွေဦးပွဲတော်ရောက်တိုင်းနှစ်ပေါင်တက်လာတယ် :
[ဒီနှစ်ရက်အတွင်းထုတ်ရင်အကောင်းဆုံးနေမှာပဲဟ။လော့ယွီရှင်းမတွေအကုန်လုံး နေ့တိုင်း သူတို့တော်ကြောင်းတတ်ကြောင်းအင်အားလာပြပြီး ကျိချင်းကျိုးကို လှောင်နေကြတာ]

အန္တရာယ်ရှိသောအဆောက်အဦး :
[တကယ်လို့ တစ်ခြားIPကြီးကြီးသာ ငါ့ကောကော ကို တစ်ကယ်လာချိတ်ဆက်ခဲ့ရင် ဒီစာတင်တဲ့ကောင်မလေးက ဇန်နဝါရီလတစ်လလုံး သတ်သတ်လွတ်စားဖို့ ဆန္ဒရှိပါတယ်]

ဗဟိုလေအေးပေးစက်ထပ်ပျက်ပြန်ပြီ :
[အိုးးးး နိုးထကြကုန်... ပြောသွားတဲ့အချက်အလက်တွေအရ 《‌နတ်ဘုရားအမိန့်တော်》ဖြစ်သင့်ပေမယ့် ကျိချင်းကျိုးက လော့ယွီရှင်းလောက်မတော်ဘူး။နောက်ဆုံးတော့ လော့ယွီရှင်းပဲရသွားတာပဲ။ပြောရရင် လော့ယွီရှင်းက ကျိချင်းကျိုးထက်နာမည်ပိုကြီးတယ်လေ]

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now