{47}

5K 894 43
                                    

Unicode

"လျန်ကျင်းရှင်တောင် အာမမခံနိုင်ဘူးလား"

ကျိချင်းကျိုးခေါင်းယမ်းလိုက်ကာ--

"ရှစ်မိုနဲ့ကျိုးရှုရှန်းတို့အသတ်ခံရတုန်းက လျန်ကျင်းရှင်ရှိနေတာသူတို့နဲ့ သိပ်တောင်မဝေးဘူး"

ယွီအန်းယီကား ဖိအားများလျက်ရှိနေသည်။

"နင်ခန့်မှန်းထားတာတွေမမှန်မှာငါကြောက်မိတယ်ဟ"

ကျိချင်းကျိုးကတော့အခုပဲချိုင့်လိအားဆွဲဖြဲမလိုဖြစ်နေသူက အားနည်သူလေးဖြစ်လာကာတုံချိချိဖြစ်နေတာကိုမြင်လိုက်ရသည်။ဒီလိုကိစ္စတွေမှာတကယ်မတော်တာနဲ့တူပါရဲ့။

"နည်းလမ်းမှမရှိပဲ။ငါထွက်သွားရင် မင်းကိုတာဝန်ယူမှရမယ်လေ။မင်းခန့်မှန်းထားတဲ့အချက်တွေကို သူတို့ပြောပြလိုက်မယ်ဆို ကိုယ့်ဘာသာတစ်ယောက်တည်းစဉ်းစားမရရင်တောင် သူတို့နဲ့အတူတူစဉ်းစားလို့ရတယ်လေ။"

"ဒါဆို အခုကော ဘာလို့မကြေညာတာလဲ"

ယွီအန်းယီကမေးလာသည်။

" မှတ်စုစာအုပ်ပိုင်ရှင်ကိုဖမ်းဖို့ငါတို့တူတူရှာကြမယ်လေ"

"အရမ်းသိသာနေတယ်လေပထမအချက်က ခန့်မှန်းချက်မှန်လားမှားလား မသိဘူး။ဒုတိယအချက်က …"

ကျိချင်းကျိုးက လှောင်ရိပ်သန်းနေသောအပြုံးတစ်ခုနှင့် သူမနားကပ်ပြောလာခဲ့သည်။

"ခန့်မှန်းတာသာမှန်ရင် မသေဘူးလေ။အဲ့လူကဘယ်သူဆိုတာ ခန့်မှန်းနိုင်မယ့်အခွင့်သာရှိရင် တစ်ခြားသူကို ဒီလောက်ကောင်းတဲ့အခွင့်အရေးမပေးချင်ပါဘူး။တကယ်တော့ ငါက ပရိသတ်အလိုအပ်ဆုံး ကျော်ကြားမှုမရှိတဲ့လူဖြစ်နေတာကို"

"ဟုတ်တယ်"

ယွီအန်းယီခေါင်းညိမ့်လိုက်သည်။

"နင်လုံးဝကိုယ့်အကြောင်းကိုယ်သိတာပဲ"

"ငါကအရူးမှမဟုတ်တာ"

ယွီအန်းယီပြုံးလိုက်ကာ…

"ဆိုပါဦး ကျွန်မက ရှင်ပြောသလိုလုပ်မယ်လို့ဘယ်လိုသိတုန်း"

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now