{45}

5.2K 895 65
                                    

Unicode

"မဟုတ်ဘူး" ချိုင့်လိမှ ငြင်းဆန်လာသည်။

"မဟုတ်ဘူး ? ဘာကိုမဟုတ်တာလဲ"

ယွီအန်းယီကတော့ သူမကိုတစ်စက်မှစကားပြောခွင့်မပေးချေ။

"ရိုက်ကူးရေးပထမဆုံးအပိုင်မှာတင် မတွန့်မဆုတ်နဲ့သည်းခံနေတာဘာအတွက်လဲ။လူတိုင်းက နင့်ကိုအကောင်းမြင်ကြအောင်မဟုတ်ဘူးလား။ပြီးမှ ကျိချင်းကျိုးက နှာဘူးကျပြီးကရော်ကမည်လုပ်ပါတယ်ဆိုပြီး လူတိုင်းသူ့ကိုမကောင်းမြင်အောင်လုပ်မယ်လေ။လူတိုင်းကလည်း လူထူးလူဆန်းလိုမျိုးသူ့ကိုတဖြည်းဖြည်းဘေးဖယ်ကြတော့မယ်။ငါသာထွက်ပြီးမမေးခဲ့ရင် နင်နဲ့ပေ့ဝမ်ယောင်တို့လုပ်ပုံကဘာဖြစ်ကြတော့မလဲ။တိုးတိုးပြောမယ်ဟုတ်လား။တစ်ခြားသူတွေကလည်းဘာမှန်းမသိတော့ စိတ်ထဲရှိသလိုခန့်မှန်းကြမှာဘဲ။ဒီရှိုးမှာပါဝင်တဲ့ ယောင်္ကျားလေးတွေအများကြီးရှိတာကို သူတို့လည်း ရှည်ရှည်ဝေးဝေးတွေနေကြမှာမဟုတ်ဘူး။နင့်ရဲ့နစ်နာနေတဲ့မျက်နှာကြောင့် နင်တကယ်အနိုင်ကျင့်ခံရတယ်လို့ပဲ သူတို့ထင်နေကြမှာ။နင်ကြံစည်ထားတာကအဲ့လိုမဟုတ်ဘူးလားဟမ် ? ? ? "

ယွီအန်းယီ လှောင်ရယ်လိုက်သည်။

"အရှက်တောင်မငဲ့ဘဲ ဒီလိုလှည့်စားမှုလုပ်ရအောင်တန်လို့လား။ဒီရိုက်ကူးရေးအဖွဲ့က အခန်းထဲမှာ အလင်းနဲ့အမှောင် လုပ်ဖို့ စီစဉ်ထားတည်းက ကင်မရာမှာ night vision mode ပါပြီးသားပဲ။ငါပြောချင်တာ အဲ့တာ…အခုကင်မရာသမားနဲ့ညှိနှိုင်းပြီးသွားမေးစေချင်လား။အပြင်ထွက်ပြီးကြည့်ချင်လား။ကျိချင်းကျိုးက နင့်ကိုအသားယူတာလား။ဒါမှမဟုတ် နင်ကပဲ ကျိချင်းကျိုးကိုတွယ်တက်တာလား ကြည့်ရတာပေါ့"

ချိုင့်လိမှာ မိမိအစီအစဉ်က ယွီအန်းယီကြောင့်လုံးဝဖျက်ဆီးခံရလိမ့်မည်လို့ ထင်မှတ်မထားခဲ့။သူမသည် ဒေါသတကြီးစူးစိုက်ကြည့်ကာ အော်ပြောတော့သည်။

"နင်နဲ့ဘာဆိုင်လဲ။ဒီလောက်တောင်သူ့ကိုကာကွယ်ပေးနေတာ။နင်နဲ့သူကရိုးရဲ့လား"

ယွီအန်းယီပြုံးလိုက်သည်

"နိုးထသင့်ပြီနော်။ကျိချင်းကျိုးက ရှီးယွီကုမ္ပဏီရဲ့ အနုပညာရှင်ဖြစ်သလို ငါလည်းတူတူပဲ။ရှီးယွီကုမ္ပဏီက ဘယ်သူမှသူ့ဘက်မရှိဘူးထင်လို့ ငါ့ရှေ့မှာသူ့ကိုအနိုင်ကျင့်တယ်။နင်စိတ်ကျေနပ်ဖို့ လူသစ်တွေကိုအနိုင်ကျင့်နေတာလား"

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now