{71}

4.5K 697 6
                                    

Unicode

တစ်ဖက်လူက နှစ်သစ်လက်ဆောင်ပါ ပြင်လာပေးလိမ့်မည်လို့ ကျိချင်းကျိုး ‌မထင်ထားခဲ့ပေ။သူသည် ချူချန်လက်ထဲမှ အပြာရောင်ဘူးလေးကိုကြည့်၍ အံ့အားသင့်စွာမေးလိုက်သည်။

"ကျွန်တော့်အတွက် နှစ်သစ်လက်ဆောင်?"

"ဟုတ်တယ်လေ"

ချူချန်က သူ့လက်ကိုဆွဲယူ၍ လက်ထဲထည့်ပေးလိုက်သည်။

"ဖွင့်ကြည့် ကြည့်"

ကျိချင်းကျိုးမှာ လက်ဆောင်ကိုကြည့်၍ သူ့ကိုပါ မလုံမလဲကြည့်လာကာ တောင်းပန်ဟန်စွက်နေသည့် အသံဖြင့် ဆိုလာခဲ့၏။

"ဒါပေမယ့်....ခင်ဗျား အတွက် နှစ်သစ်လက်ဆောင်ကျ ကျွန်တော်မပြင်ခဲ့မိဘူး"

"ကိုယ်က လက်ဆောင်မှမလိုတာ..."

ချူချန် ပြန်ပြောလိုက်သည်။

"လက်ဆောင်ပေးရင် ပြန်ပေးရမယ်လို့ ဘယ်သူမှ တောင်းဆိုမနေပါဘူးနော်"

ကျိချင်းကျိုးက နေရခက်နေဆဲပင်။သူ တကယ်အဲ့လို မလုပ်သင့်ပေ။ချူချန်ကျ သူ့အတွက် နှစ်သစ်လက်ဆောင်ပြင်ပေးဖို့ သတိတရရှိနေပေမယ့် သူကတော့ ချူချန်အတွက် နှစ်သစ်လက်ဆောင်ပေးဖို့ သတိမရခဲ့ဘူး။တကယ် မကောင်းလိုက်တာ။

"ကျွန်တော် နောက်ကျ လက်ဆောင်ပြန်ပေးမှာပါ"
သူပြောလိုက်၏။

ချူချန်ကတော့ ရတာမရတာတွေ ဂရုစိုက်မနေချေ။သူ့စိတ်အခြေအနေပေါ် မူတည်ပြီး လက်ဆောင်ပေးတတ်သူဖြစ်၍ ဘာကသိကအောက်မှ ဖြစ်မနေ။သူက ကျိချင်းကျိုး၏မလုံမလဲဖြစ်နေဟန်လေးကိုကြည့်ကာ အလိုကျပြောရတော့သည်။

"ကိုယ်က ရပါတယ်ကွာ။မင်းပေးချင်တဲ့အချိန်သာပေး"

ထိုသို့စကားဆိုမှသာ ကျိချင်းကျိုးက လက်ထဲရှိ ဘူးလေးကို ဖွင့်ကြည့်လေသည် ။ ဘူးလေးက သိပ်မကြီးသည့် စတုရန်းပုံစံလေးပင်။ကျိချင်းကျိုးစိတ်ထဲ ရတနာပစ္စည်းတစ်ခုခုရှိနေမယ်ထင်မိသည်။မျှော်လင့်ထားသည့်အတိုင်းပင် ဘူးလေးထဲ၌ ထည့်ထားသည်မှာ ဆွဲကြိုးတစ်ကုံးဖြစ်၏။

အလွန်ရိုးရှင်းသည့် ဆွဲကြိုးလေးပင်။ကြိုးအနက်လေးနှင့်လှပစွာ ပုံစံဖော်ထားသော ကျောက်ဆွဲသီးလေးဖြစ်ကာ တစ်ခြားဘာအလှမှ မပါဝင်သည့်တိုင် ရိုးရှင်ပြီး ပေါ်လွင်သည်။ကျိချင်းကျိုးတစ်ယောက် ဆွဲကြိုးလေးကို ထုတ်ယူ၍ ကျောက်ဆွဲသီးလေးကို လှုပ်ခါနေရင်း သေသေချာချာလေ့လာနေသည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now