{54}

4.8K 829 36
                                    


Unicode


တစ်နေ့ကုန်သွားပြန်၏။ချူချန်က အိမ်မှာပဲညစာစားသည်။ကျိချင်းကျိုးကတော့ သူအလုပ်သွားတဲ့အချိန် ဝမ်ဖန်းဆီသွားမလည်တော့ဘဲ အိမ်မှာပဲအနားယူလေ၏။
ခရစ္စမတ်ပြီးနောက်မှာတော့ မကြာမီနှစ်သစ်ကူးနေ့တွေကစတင်လာခဲ့သည်။ချူချန်ကတော့ မိသားစုနဲ့ကုန်ဆုံးမှာဖြစ်ပြီး ကျိချင်းကျိုးကတော့ ဆေးရုံမှာပဲ ဝမ်ဖန်းနှင့်ကုန်ဆုံးဖြစ်သည်။ဝမ်ဖန်းခဏအိပ်ပျော်နေစဉ်အတွင်း သူ တိတ်တိတ်လေး ချူချန်ဆီဖုန်းဆက်လိုက်သည်။

{နှစ်သစ်မှာပျော်ရွှင်ပါစေ}

ချူချန်က အင်းလို့ အသံပြုကာ {မင်းလည်းပျော်ရွှင်ပါစေ}လို့ဖြည့်ပြောလာသည်။

ကျိချင်းကျိုးက သူ့ကိုအရမ်းတွေ့ချင်နေမိ၏။

{ကျွန်တော်တို့ video call ပြောလို့ရလားဟင်}

ချူချန်က ခေတ္တခန့်တန့်သွားသည်။နောက်ရက်အနည်းငယ်အတွင်း သူတို့အကြောင်းကိုကျိချင်းကျိုးနဲ့ အချိန်ယူပြီးပြောကြည့်ဖို့ စီစဉ်ထားပြီးသား။ထို့ကြောင့် သူက ရှားရှားပါးပါးငြင်းဆန်လိုက်သည်။

{အိမ်မှာလူတွေအများကြီးရောက်နေတယ်}

ကျိချင်းကျိုးက အရမ်းနားလည်မှုရှိသည်။

{ဒါဆိုအခုအလုပ်များနေတာပေါ့။စောစောလည်းနားဦးနော်}

ချူချန်က 'အင်း' လို့ပြောလာပြီး ကျိချင်းကျိုးကလည်း ဖုန်းချလိုက်သည်။

ချူချန်သည် လင်းနေသေးသည့်ဖုန်းစခရင်အားကြည့်ကာ အတော်ကြာသည်အထိ စိတ်မသက်မသာဖြစ်နေမိသည်။အချိန်တော်တော်ကြာသွားမှပဲ မသိစိတ်အရ သက်ပြင်းချလိုက်မိသည်။

နှစ်သစ်ကူး၏သုံးရက်မြောက်နေ့မှာတော့ သူက ကျိချင်းကျိုးနှင့်ပွင့်ပွင့်လင်းလင်းစကားဆိုတော့သည်။

ကျိချင်းကျိုးက ဆိုဖာပေါ်ထိုင်ပြီး TV ကြည့်နေတာဖြစ်၍ ချူချန်ကပဲ သူနဲ့မျက်နှာချင်းဆိုင်ထိုင်လိုက်ပြီး အလေးအနက်ပြောလိုက်သည်။

"ကျိုးကျိုး...စကားပြောရအောင်"

ကျိချင်းကျိုးကတော့ သူတို့ဘာလို့စကားပြောဖို့လိုလဲ မသိသဖြင့် ‌သူ့ကိုငေးကြည့်လာသည်။လတ်တလော ဘာကိစ္စမှမဖြစ်ထားသလို သူတို့ဆက်ဆံရေးကလည်း တအားကောင်းသည်။အဲ့တာကို ဘအကြောင်းပြောမှာပါလိမ့်?

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now