{11}

9.4K 1.4K 93
                                    

Unicode

ယောက်ရှိုးယွမ်သည် ရေကူးကန်ကိုမှီရင်း စပ်စုချင်နေတဲ့အမူအရာကြီးနဲ့ ချူချန်ကို ကြည့်လာသည်။

"သူက တကယ်ကြီး မင်း‌ကောင်လေးလား"

"ဘယ်ဟုတ်မလဲ"
ချူချန် ရယ်မောလိုက်တယ်။

"မင်းနဲ့ချင်းရွှယ်ပြောတော့ မင်းကောင်လေးဆို"

"သူက အဲ့လိုပြောချင်တာ အဲ့လို ပြောချင်တာ"

  ယောက်ရှိုးက ပြုံးပြီး သူ့ကိုလှမ်းရိုက်လာသည်။
"ဒီလို အိမ်မွေးကောင်လေးနဲ့ ဘာလုပ်မို့လဲ"

"ဘာမှမလုပ်ဘူး... သူက ငါ့စံနှုန်းနဲ့အတော်လေးကိုက်တယ်လို့ တွေးရုံပဲ"

ယောက်ရှိုးက နှစ်ကြိမ်ခန့် တစ်ခစ်ခစ်ရယ်လာသည်။
"အချစ်လေးကို ကောင်လေးဆိုပြီးထုတ်ပြတာ မင်းက ပထမဆုံးပဲ"

"မင်းကြိုက်ရင် နောက်တော့ လိုက်လို့ရတာပဲ"

"ငါ သူ့ကို စိတ်မဝင်စားပေမယ့် အတော်လေးတော့ကြည့်ကောင်းတယ်ကွနော်...မင်း သူ့ကို ငြီးငွေ့လာတာနဲ့ ဘာလို့မလုပ်..."

ယောက်ရှိုးမှာ စကားတောင်ဆုံးအောင်မပြောရသေးဘူး ချူချန် ဆောင့်ကန်တာ ခံလိုက်ရသည်။

"သွားစမ်းပါ! ငါ့လူက မင်းစဉ်းစားလိုရတဲ့အရာလား...ဒီလိုစကားမျိုးထပ်ကြားရကြည့် ငါ့ခြေထောက်တွေနဲ့ မင်းကိုဖြေလျှော့ပေးမယ်"

  "ဒီမှာ ငါက ..."

ချူချန်က မျက်စိမှေးကျဉ်းပြီးကြည့်လိုက်တော့ ယောက်ရှိုးယွမ်လည်း လက်မြှောက်ကာအလံဖြူထောင်ပြလိုက်ရသည်။

"အိုကေ အိုကေ...ငါမပြောတော့ဘူး...မင်းရဲ့နှလုံးသားအာဟာရလေးကို ကာကွယ်နေလိုက်"

"သောက်ပိုတွေ... ငါပိုင်တဲ့အရာကို မမျှော်လင့်စေချင်ရုံပဲ...ငါ့လက်ထဲကလူကို ထိတဲ့ဘယ်သူမဆို အသေဆော်ပစ်မှာ"

ယောက်ရှိုးယွမ်တော့ စိတ်လေကာ သက်ပြင်းပါချလိုက်မိတယ်...
သူ့တစ်ဘဝလုံးလည်း တာဝန်ယူပေးနိုင်တာ မဟုတ်ဘဲနဲ့..
အနှေးနဲ့အမြန် တစ်ခြားလူတွေလည်း ထိမှာပဲဟာကို...
သို့ရာတွင် ချူချန်ရဲ့ဒေါသကို သိနေတဲ့သူဖြစ်၍  အဲ့လို မပြောရဲခဲ့ပေ။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now