{80}

4.6K 806 72
                                    

Unicode

လော့ယွီရှင်းရဲ့ အေးဂျင့်က ခေါင်းတွေပဲကိုက်လာချေတော့သည်။သူနဲ့ဘာဆိုင်လို့ ဘာလုပ်ပေးရမှာလဲ။《ခါငှက်‌ကောင်းကင်》ရဲ့သတင်းကို အရင်ကကျ တစ်ယောက်မှ မထုတ်ခဲ့ကြပဲ သူတို့စရိုက်တော့မယ်ဆိုတာလည်း ဘယ်သူမှ မသိခဲ့။ဒီနေ့ တရားဝင်ကြေညာမှသာ အနုပညာလောကထဲက လူတွေအကုန်သိကြတာဖြစ်သည်။သတင်းရကြတော့လည်း ခေါင်းဆောင်မင်းသားသတ်မှတ်ပြီးပြီတဲ့။သူဘာလုပ်ရမှာလဲ?

လော့ယွီရှင်းဘက်ကမူ တရားဝင်ကြေညာချက်သတင်းတွေကြားကြားချင်း ဒေါသတကြီး ခွက်ကို ပစ်ပေါက်လိုက်၏။သူ့ဇာတ်ကားထက် ပိုကောင်းတဲ့ 《ခါငှက်‌ကောင်းကင်》IPတဲ့။သိပ်ကောင်းတယ်! ထုတ်လုပ်ရေးအသင်းကလည်း သူ့ကိုမရှုံးခဲ့ပေ။《ခါငှက်‌ကောင်းကင်》နောက်ကွယ်က အသင်းက သူ့အသင်းထက် အများကြီးပိုကောင်းလေသည်။ကျိချင်းကျိုးက အခုhot searchပေါ်ရောက်နေပြီး လူတိုင်းကလည်း 《ခါငှက်‌ကောင်းကင်》အကြောင်းပဲ ‌ဆွေးနွေးနေကြသည်မလား။နှစ်ဖက်ပရိတ်သတ်‌တွေ ရန်ဖြစ်နေကြပေမယ့် ကျိချင်းကျိုးမှာ နောက်ဆုံးရယ်ခွင့်ရှိတာမလား။

လော့ယွီရှင်း သူ့ကိုယ်သူ လူရွှင်တော်လို့ခံစားလိုက်ရသည်။အကယ်၍ သူ ထိုကိစ္စကို သိခဲ့ပါက ဖန်ယောင်ရွှမ်းရဲ့ အကူအညီကို သုံးပြီး 《‌နတ်ဘုရားအမိန့်တော်》ရဲ့ ခေါင်းဆောင်မင်းသားနေရာကို ယူခဲ့မှာ မဟုတ်ချေ။

သူ ဝမ်ဖင်းကျွင်ကို ကြည့်၍-

“《‌နတ်ဘုရားအမိန့်တော်》ကို ဆက်သွယ်လို့ရလား။ကျွန်တော် အဲ့ကားမှာ လူရွေးပွဲဖြေချင်တယ်။”

“မဖြစ်နိုင်တာတွေမပြောနဲ့”

ဝမ်ဖင်းကျွင်ကပြောလာသည်။

“မင်း 《‌နတ်ဘုရားအမိန့်တော်》နဲ့ စာချုပ်မချုပ်ရသေးပေမယ့် လူတိုင်းသိသွားကြပြီးဟာကို ဒီလိုလုပ်ရင် မင်းမကောင်းတာဖြစ်သွားမယ်။《ခါငှက်‌ကောင်းကင်》မှာ မင်း လူရွေးပွဲသွားဖြေလို့ အဆင်ပြေရင်ထား အဆင်မပြေဘူးဆိုရင်ရော။《‌နတ်ဘုရားအမိန့်တော်》ကကော မင်းကို မသုံးတော့ဘူး ဆိုရင်ရော...မင်းဇနီးရောစစ်သည်ပါရှုံးရလိမ့်မယ်ကွ။ပြီးတော့ 《ခါငှက်‌ကောင်းကင်》ရဲ့ ခေါင်းဆောင်မင်းသားနေရာကို သတ်မှတ်ပြီးပြီ။ငါကြားတာတော့ သူတို့က ခေါင်းဆောင်မင်းသမီးရယ်၊အရံမင်းသားရယ်၊အရံမင်းသမီးရယ်ပဲ ရွေးတော့မှာတဲ့။မင်းအခုသွားဖြေလည်း အရံမင်းသားနေရာပဲရမှာ မင်းဖြေချင်လို့လား”

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now