{102}

4.9K 933 77
                                    

Unicode

ချူချန်မသိတော့ပါပေ။ကျိချင်းကျိုးအပေါ်ထားတဲ့ သူ့ရဲ့ခံစားချက်တွေက ဘယ်လိုလဲဆိုတာ သူသိမနေတော့။ယွီအန်းမင်ပြောသလို သူ ကျိချင်းကျိုးကို သဘောကျနေမိလားဆိုတာ အိမ်ရောက်သည်အထိ တွေးရင်း ဗျားများနေခဲ့ရသည်။အဲ့တော့...သူတကယ်ပဲ ကျိချင်းကျိုးကို ကြိုက်နေတာလား? သူမသိပါပေ။

သူက ကောင်းကင်ရဲ့ အချစ်တော်အစစ်အမှန်ပင်။သူမွေးပြီးကတည်းက ဘဝရဲ့ရှည်လျားသော လမ်းဆုံးမှာရပ်ပြီးနေပြီ။တစ်ခြားသူတွေ စမှတ်ကနေ ကသုတ်ကရုတ်ပြေးလွှားနေကြတာကိုကြည့်ပြီး သူကတော့ ဘာဖိအားမှမပါဘဲ သူ့အင်ပါယာကိုသူ အလွယ်တကူ တည်ဆောက်နိုင်ခဲ့သည်။သူ့အင်အားကိုသူ ကောင်းကောင်းကြီးသိသည်။ ဘယ်လိုလူတွေက လာဝန်ခံပါစေ ကိစ္စမရှိပါပေ။သူကတော့ ထိုသူတွေကို အမြဲတမ်းအထင်သေးမိ၏။သူက သူသဘောကျရသောသူနဲ့တွေ့ချင်ရုံတင်ပါ။ဒါပေမယ့် သူက ဘာကိုသဘောကျတာလဲ?

ကျိချင်းကျိုးအတွက် သူခံစားနေရတာတွေက တကယ်ပဲ အချစ်လား? ဒါမှမဟုတ် အကျင့်စွဲနေတာကြောင့် သူ့ကို လက်မလွှတ်ပေးချင်ဘဲ ဆက်ပြီး ဂရုစိုက်ပေးချင်စိတ်တွေကို ထိန်းမရဖြစ်နေခဲ့တာလား?

ချူချန်မသိတော့ဘူး။သူ တစ်ခါမှ ချစ်ခဲ့ဖူးတာမဟုတ်ဘူးလေ။သူများအပေါ်ဆို ခံစားချက်ကောင်းတောင် ရှိခဲ့ဖူးတာမဟုတ်။ကျိချင်းကျိုးကို သူသဘောကျနေမိတာက တကယ်ပဲ အချစ်ဆိုတာလား သူမသိ။ပြီးတော့ သူ့ရဲ့ မသေချာမရေရာမှုတွေကြောင့် ကျိချင်းကျိုးရဲ့ကျန်တဲ့ ဘဝသက်တမ်းတစ်လျှောက်လုံး စတေးပြီး အလဲအထပ်လုပ်ဖို့ကိုလည်း သူမဖြစ်စေချင်ပါ။

ကျိချင်းကျိုး အဆင်ပြေပြီး ကောင်းမွန်တဲ့ အနာဂတ်တစ်ခုကို ပိုင်ဆိုင်ရဖို့ပဲ သူမျှော်လင့်ထားခဲ့တာဖြစ်သည်။

ချူချန် ဘာကိုမှ ထပ်မတွေးကြည့်ချင်တော့ပါ။ထို့ကြောင့် သူ့ရှပ်အင်္ကျီကြယ်သီးတွေဖြုတ်ပြီး ရေချိုးခန်းထဲဝင်မို့ ပြင်လိုက်ချိန် လက်ချောင်းထိပ်လေးများက နွေးထွေးသော အထိအတွေ့လေးတစ်ခုဖြစ်တည်လာသည်။ချူချန် ငုံ့ကြည့်လိုက်တော့ သူ့လည်ပင်းပေါ်မှာရှိနေတဲ့ ကျောက်ဆွဲကြိုးလေးဖြစ်နေ၏—ကျိချင်းကျိုး သူ့ကို ပေးသွားခဲ့ပါသော ကျောက်ဆွဲကြိုးလေးပင်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now