{36}

6.5K 933 22
                                    

Unicode

ငွေရေးကြေးရေးကနေရာကျပြီး သရုပ်ဆောင်တွေလည်း အစီအစဉ်ကျသွားတော့ 《ချစ်သူ့ကဗျာများမှမြတ်နိုးသောစာမျက်နှာ》ရုပ်ရှင်ကို တရားဝင်ပြန်စတော့သည်။ချူချန် လက်ထောက်ဒါရိုက်တာကိုဖယ်ထုတ်ချင်ပေမယ့် ဒါရိုက်တာနဲ့ ကျန်းနန်တို့က အနူးအညွတ်တောင်းပန်လာပြီး လက်ထောက်ဒါရိုက်တာကလည်း ပြန်တောင်းပန်လာသည်။ အရင်ကဆို သူက ကျိချင်းကျိုးပေါ်အထင်မြင်သေးခဲ့ပြီး အခုဆို နှုတ်ဆက်ရင်တောင်အထူးဂရုစိုက်နေရတယ်။အရင်ကကိစ္စတွေကို ချူချန်စိတ်မဝင်စားသော်ငြား အခုကစပြီး သူရှိနေတဲ့တွက် ကောင်းကောင်းမွန်မွန်ပြောင်းလဲသွားပုံပေါ်တယ်။ ချူချန်လည်း စကားနည်းနည်းပြောပြီး သတိပေးလိုက်သည်။

ဓာတ်ပုံဆရာက ကျိချင်းကျိုးရဲ့ဓာတ်ပုံတွေကိုပြန်ရိုက်ယူပြီး သူနဲ့ကျိုးလင်းရဲ့ စုံတွဲဓာတ်ပုံတွေကို အကောင်းဆုံးရိုက်ပေးနေသည်။ ကျိုးလင်းမှာ အရင်တည်းက ကျိချင်းကျိုးပေါ် အမြင်ကောင်းရှိ၍ အခု ခေါင်းဆောင်မင်းသားနေရာကသူပါဝင်လာချိန်မှာလည်း အဆင်မပြေသလိုမခံစားရရုံသာမက ဝမ်းသာကြောင်းထက်ထက်သန်သန်ပြောလာခဲ့သည်။

သူတို့နှစ်ယောက်ရဲ့ အပြန်အလှန်အပြုအမူတွေကိုကြည့်နေရသော ချူချန်မှာ ရုတ်ခြည်း တစ်စုံတစ်ခုကိုတွေးမိသွား၍ ကျိုးချန်ဖုန်းကိုပြောလိုက်သည်။

"ကျိချင်းကျိုးရဲ့ ဇာတ်ညွှန်းပေးဦး"

ရှောင်ချန်းကတော့ဉာဏ်ကောင်းစွာဝင်ပြောလာသည်။

"ရပါပြီ"

စဉ်းစားမရဖြစ်နေသူကကျိုးချန်ဖုန်းပင်။

"ကျိချင်းကျိုးဇာတ်ညွှန်းစာအုပ်နဲ့ဘာလုပ်မလို့လဲ"

ချူချန်ကမူ ကျိုးလင်းကိုဖက်ထားသော ကျိချင်းကျိုးကိုကြည့်ပြီး ဘာမှမပြောလာပေ။

ချူချန်ကိုဓာတ်ပုံရိုက်ရမည့်အလှည့်ရောက်သော် ဓာတ်ပုံဆရာဆိုသူမှာ ထိတ်လန့်နေမိ‌ပါသော်လည်း ချူချန်က အတော်လေးကောင်းကောင်းမွန်မွန်ပူးပေါင်းလာခဲ့သည်။ ဓာတ်ပုံဆရာပြောတဲ့အတိုင်း လိုက်လုပ်ပေးသဖြင့်ရိုက်ကူးရေးကလည်း အဆင်ပြေပြေပြီးဆုံးသွားသည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now