{114}

5.7K 946 131
                                    

တင်ချင်စောများပြီး နံပါတ်မှားတပ်မိလို့ပြန်ပြင်တာပါ♥️

Unicode

လက်ရှိအချိန်၌ ကျိချင်းကျိုးတစ်ယောက် မျက်စိတွေကျိန်းစပ်လာပြီး ယုံကြည်ဖို့ ခက်ခဲလွန်းနေခဲ့သည်။

“ခင်ဗျားက ကျွန်တော့်ကို သဘောကျတယ်တဲ့လား?”

“အင်း”

“ခင်ဗျားက ကျွန်တော့်ကို သဘောကျတယ်? ဘယ်လိုဖြစ်နိုင်မှာလဲ”

“ဖြစ်နိုင်တာပေါ့။ ကိုယ် မင်းကို သဘောကျတယ်။ ကိုယ် မင်းကို ချစ်တယ် ကျိုးကျိုး”

“ဒါပေမယ့်...အဲ့ညက....ကျွန်တော် ခင်ဗျားကို မေးတော့....ခင်ဗျားက...”

ကျိချင်းကျိုး စကားမဆက်နိုင်ခဲ့ပေ။ချူချန်က သူစကားပြောနေသည်အား ဖြတ်၍ လက်မလေးဖြင့် သူ့နှုတ်ခမ်းထက် ခပ်ဖွဖွပွတ်သပ်လာလျက် ကျိချင်းကျိုး ရင်းနှီးနေရပါသော နှုးညံ့မှုတို့ ပျော်ဝင်နေသည့် အသံဖြင့် ခပ်ဖွဖွလေးရွတ်လာသည်။

“မေ့သွားတာ...ကိုယ် မင်းကို ပြောပြဖို့ မေ့သွားခဲ့လို့ အခု မင်း ကိုယ့်ကို ပြန်မေးကြည့်”

ချက်ချင်းဆိုသလို ကျိချင်းကျိုး၏မျက်လုံးထဲမှ မျက်ရည်များ တာကျိုးသလို စီးကျလာ၏။ ချူချန်များ သူ့ကို သဘောကျနေလား ဆိုပြီး တစ်ခါလောက်တွေးကြည့်ဖူးတယ်။ချူချန်ကိုလည်း သူ့ကို သဘောကျသလားဟု မေးခဲ့ဖူးပေမယ့် အခုတစ်ခေါက်ကလွဲပြီး အဖြေက ဟင့်အင်းပင်။အခုတကယ်ကြီး သူ့ကို သဘောကျကြောင်း ပြောနေတယ်။

ကျိချင်းကျိုးမှာ ပျော်လည်း ပျော် ယုံလည်း မယုံနိုင်ဖြစ်နေ၏။

ချူချန်သည် မျက်လုံးထဲ မျက်ရည်များပြည့်နေသည့် လူသားအားကြည့်၍ မျက်ခပ်စပ်လေးတွေကို နှုတ်ခမ်းနဲ့ လိုက်ထိရင်း ဖက်ထားလိုက်ချေသည်။

“မငိုရဘူးလေကွာ။ ကိုယ် စောစောပြောခဲ့သင့်တာ...အခုလိုမျိုး အရမ်းနောက်ကျသွားမှ လာမပြောသင့်ဘူးနော်”

ကျိချင်းကျိုးလည်း သူ့ကို အပြစ်တင်ချင်သည်။ ဟုတ်တယ်... ဘာလို့ စောစောလေးမပြောခဲ့တာလဲ? သူက ဘာဖြစ်ချင်နေတာလဲ။တော်သေးတာပေါ့ ၃၆ ရက်ကြာသွားလည်း မိမိဆီပြန်ရောက်လာလို့။သူတော့ ကျေနပ်လွန်းနေပါပြီ။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now