{35}

6.2K 928 16
                                    

Unicode

ချူချန်ကတော့ သူသာ 《ချစ်သူ့ကဗျာများမှမြတ်နိုးသောစာမျက်နှာ》မှာပါချင်ရင် ချူရှင်းကိုပြောပြစရာမလိုဘူးလို့ခံစားရတယ်။《ချစ်သူ့ကဗျာများမှမြတ်နိုးသောစာမျက်နှာ》ထုတ်လွှင့်ပြသလာတဲ့အချိန်ကျရင် ချူရှင်း သူ့ကိုပြောလာမှာအသေအချာပဲ။

{ကောင်းပြီ ကိုယ်ပြောလိုက်ပါ့မယ်}

ကျိချင်းကျိုးကမူ ထိုစကားကြားမှစိတ်ဒုံးဒုံးချနိုင်သည်။ မူရင်းစာအုပ်ထဲမှာပါတဲ့ ချူရှင်းအကြောင်းကိုပြန်တွေးကြည့်ရသလောက် ချူရှင်းက ချူချန်ကို CEOကောင်းတစ်ယောက်ကနေနှုတ်ထွက်ပြီး သရုပ်ဆောင်လုပ်ခိုင်းစေချင်မှာမဟုတ်ဘူး…သူ့ညီလေးကိုသူသင်ကြားပေးပါလိမ့်မယ်…အဆုံးသတ်တော့ ကျိချင်းကျိုးလည်း ချူချန်ကိုတရားမပြပေးနိုင်တော့ဘူးလေ…

နှစ်ယောက်သား စကားနည်းနည်းပြောလိုက်ကြပြီး ချူချန်က video call ချလိုက်သည်။ ကျိချင်းကျိုးမှာရှုပ်ထွေးသောခံစားချက်တွေနဲ့ဖုန်းကိုကြည့်ရင်း လတ်‌တလောအဖြစ်ပျက်တွေက မှော်ဆန်လွန်းသလိုခံစားလာမိသည်။

ဖန်ယောင်ရွှမ်း !! အမှိုက်ကောင် !!!! သူတာဝန်ယူရမှာ !!!!

ကိစ္စတွေကအတည်တကျနဲ့ကောင်းကောင်းမွန်မွန်ဖြစ်နေတာကို အခုတော့ကောင်းသွားပြီ ချူချန်ကတကယ်ကြီး အနုပညာလောကထဲဝင်လာတော့မယ်…ဒါ့ပြင် သူကလည်း ချူချန်ရဲ့ ဖန်ကလပ်ဥက္ကဌကြီးဖြစ်လာတော့မယ်!

ကျိချင်းကျိုးဟာ မိမိသူဌေးက စာအုပ်ထဲမှဆိုထားတဲ့အတိုင်း ကြီးကျယ်မြင့်မြတ်တဲ့ အလုပ်စက်ကြီးဖြစ်ပြီး ချူချန်ရဲ့ဂနာမငြိမ်တဲ့စိတ်နှလုံးကိုဖိနှိပ်နိုင်ပါစေလို့ မဆုတောင်းဘဲမနေနိုင်ချေ…

သို့စေကာမူ ရက်စက်လွန်းတဲ့အမှန်တရားကြီးကအမြဲစောင့်ကြိုနေခဲ့သည်…

ချူရှင်းသည် ညီဖြစ်သူအားကြည့်၍ လက်ထဲမှ ဘောပင်အားအောက်ချလိုက်သည်။

"မင်းအခုပြောလိုက်တာဘာ…ဇာတ်ကားရိုက်တော့မို့ဟုတ်လား"

ချူချန် ခေါင်းညိမ့်ပြလိုက်သည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now