{92}

4.1K 881 90
                                    

Unicode

“နောက်ဆိုခင်ဗျားကိုသူနဲ့ထပ်တွေ့ခွင့်မပြုတော့ဘူး”

“တစ်ကြိမ်လေးတောင်မရဘူး” ကျိချင်းကျိုးပြောလိုက်သည်။

“အွန်း” ချူချန်က တွန့်ဆုတ်မှုမရှိပြန်ဖြေလာပါ၏။

“သူ့ကို ခေါ်တောင်မခေါ်နဲ့! အခုဘလော့ခ်လိုက်!”

ချူချန်သည် ဖုန်းဆက်သည့်နေရာထဲဝင်လိုက်ပြီး လော့ယွီရှင်း၏ ဖုန်းနံပါတ်အား blacklist ထဲတန်းထဲလိုက်သည်။

“ဘလော့ခ်လိုက်ပြီ”

ကျိချင်းကျိုးက မကျေမနပ်ဖြစ်နေဆဲပင်။ဖုန်းအား စူပုတ်ထားလို့ ဖောင်းကားနေတဲ့ ပါမို့မို့နှစ်ဖက်နှင့် ဒေါသအပြည့် စိုက်ကြည့်နေသည်။

ချူချန်မှာ အဲ့လိုပုံစံလေးက အလွန်ချစ်ဖို့ကောင်းလွန်းသည်ထင်၍ လက်နဲ့တို့ကြည့်ချင်ပေမယ့် ကျိချင်းကျိုးက သူ့ရှေ့မှာ ဟုတ်မနေသဖြင့် ဖုန်းမျက်နှာပြင်ကိုပဲ တို့ကြည့်လိုက်ချိန် ကျိချင်းကျိုးက ချက်ချင်း ခေါင်းစောင်းပလိုက်လေသည်။

“လာမတို့နဲ့...ခင်ဗျားမှာ တို့ထိခွင့်မရှိဘူး”

ချူချန်ဆွံ့အသွားရကာ ချော့ချော့မော့မော့ပြောလိုက်သည်။

“စိတ်ဆိုးနေတုန်းလာကွာ။မဆိုးပါနဲ့။ဒီတစ်ခါ ကိုယ်မှားတာ။နောက်တစ်ခါလုံးဝမရှိစေရတော့ဘူး”

ကျိချင်းကျိုးက ဟွန်းခနဲလုပ်ပြီး သူ့ကိုကြည့်မလာခဲ့။

ချူချန်မှာ ဘာလုပ်ရမှန်းမသိ ဆက်ပြီး ကျေရာကျေကြောင်းပြောရသည်။

“ဒါမဲ့ ကိုယ်တို့ဘာမှမရခဲ့ဘူးတော့မဟုတ်ဘူးရယ်။မင်းပရိတ်သတ်လေးတွေအတွက် ဘဏ္ဍာငွေသုံးသောင်းကိုယ်ရခဲ့တယ်။နောက်ဆို သူ့ပိုက်ဆံတွေသုံးပြီး သူ့ပရိတ်သတ်တွေကို ဆွဲဖြဲနိုင်တယ်ဆိုတာက အရမ်းမိုက်မနေဘူးလား”

“ခင်ဗျားပြောချင်တာ?”

ကျိချင်းကျိုးကပဟေဋိဖြစ်နေသည်။

“သူ့ယွမ်သုံးသောင်းရအောင်ဘယ်လိုလှည့်စားခဲ့တာလဲ”

“ကိုယ်က သူ့ကိုကူညီပေးတဲ့အတွက် တစ်ခုခုပြန်ပေးချင်လို့ပါဆိုပြီး  အသည်းအသန်လုပ်နေတာ။ကိုယ့်ကလည်း အလွန် ဖြူစင်ရိုးသားပြီးဟန်ဆောင်မှုကင်းတဲ့လူတစ်ယောက်ဆိုတော့ သူများမရမကပေးနေတာကြီးကို ဆက်မငြင်းနိုင်တော့ဘူးလေ။အဲ့မှာ ရဲရင့်မှုအတွက် အများဆုံးဆုကြေးက ယွမ်သုံးသောင်းဆိုတာတွေ့တော့ သူ့ဆီက တောင်းလိုက်တာ။သူရိုက်နေတဲ့ဇာတ်ကြောင်းအတိုင်းလိုက်လိုက်တာ ပိုက်ဆံအရှုံးမရှိပါဘူး”

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now