{63}

4.6K 927 98
                                    


Unicode

ဖန်ယောင်ရွှမ်းနှင့်လော့ယွီရှင်းတို့က ထင်မှတ်မထားသည့် စကားကြောင့် အတော်ကြာ ကြက်သေသေနေကြသည်။

"ဘာလို့ အဲ့စကားပြောရတာလဲ ချင်းကျိုး"

ဖန်ယောင်ရွှမ်းက အရင်စကားဆိုလာသည်။

"ငါ မင်းကို ရှောင်ရှင်းရဲ့အစားထိုးလို့ တစ်ခါ မှမတွေးဖူးဘူး။အခုမင်းလုပ်နေတဲ့အပြုအမူတွေက ငါ့ကို အသရေဖျက်ရုံတင်မဟုတ်ဘူး မင်းကိုယ်မင်းပါ သိမ်ငယ်စေတာတွေကွ"

"ရပ်!"

ကျိချင်းကျိုး တစ်ဖက်လူအား ဆွံ့အစွာကြည့်နေ၏။

"မင်းကို အသရေဖျက်တယ်? ကိုယ့်ကိုယ်ကို သိမ်ငယ်စေတယ်? ဘာတွေရှည်ရှည်ဝေးဝေးပြောနေတာလဲ။ အခု‌ပဲပြောလိုက် ခင်ဗျား လော့ယွီရှင်းကိုကြိုက်တယ်မလား။ ငါ့ကို လိုက်ဖို့ ကြိုးစားခဲ့တယ်မလား။ငါတို့မျက်နှာတွေကို စေ့စေ့ကြည့်ပြီး ပြော လော့ယွီရှင်းနဲ့ မဆိုင်ပါဘူးလို့ပြောရဲသေးလားဟမ်။ပြောလေ ဘာလို့ ငါ့ကိုကြိုက်တာလဲ။ပြော...ပြော...နားထောင်ကြည့်ရအောင်"

ဖန်ယောင်ရွှမ်းသည် သူဒီလောက် လုံးလုံးလျားလျားကြီး အပြောခံရလိမ့်မည်ဟု မမျှော်မှန်ထားချေ။ကျိချင်းကျိုးနဲ့သူက သာမန်သူငယ်ချင်းပါပဲ အချင်းချင်းသိရုံပါပဲဟု လော့ယွီရှင်းကိုပြောထားခဲ့ပေမယ့် အခုကျ ကျိချင်းကျိုးက သူလုပ်ထားသမျှအရာအားလုံး ဖွင့်ချပြလာသည်။အရင်က ကျိချင်းကျိုးဆို ထိုသို့လုပ်လိုက်မည့်မဟုတ်။သူ ပြောင်းလဲသွားချေပြီ။

တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုးဆိုသလို သူ့ရဲ့ချင်းကျိုးလေးက ချူချန်ရဲ့ လွှမ်းမိုးမှုတွေကြောင့် အရင်က ကျိချင်းကျိုးနဲ့ လုံးလုံးမတူ ပြောင်းလဲသွားပြီဖြစ်သည်။

ဖန်ယောင်ရွှမ်း ပွင့်ပွင့်လင်းလင်းပြောလိုက်၏။

"ကိုယ် မင်းနောက်လိုက်ခဲ့တာမှန်တယ်။ကိုယ် ရှောင်ရှင်းကို ကြိုက်တာလည်း အမှန်ပဲ။ဒါပေမယ့် ကိုယ် မင်းကို လိုက်ခဲ့တာက ရှောင်ရှင်းနဲ့ ဘာမှမဆိုင်ဘူး။အဲ့အချိန်က မင်းနဲ့ဆုံတော့ မင်းပေါ် သနားစိတ်ဝင်ပြီး ကြိုက်ခဲ့မိတာ"

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now