{ 30 }

7.9K 1K 22
                                    

Unicode

အဲ့မှသာလူတိုင်းသိပြုမိကြပြီး လူခြောက်ယောက်ဂရုထဲပြန်ဝင်လိုက်ကြတယ်။အဖွဲထဲမှာမီးရှို့ခဲ့တဲ့ရှောက်ရုံက အရင်စကားပြောလာသည်။

{အားချန်အဲ့ဇာတ်ကားကိုအရင်းအနှီးထည့်လိုက်တာနဲ့သူက ရင်းနှီးမြှုပ်နှံသူဖြစ်သွားပြီမဟုတ်လား။ရင်းနှီးမြှုပ်နှံသူတွေက ရှူးဂါးဒယ်ဒီတွေပဲမဟုတ်လား}

ယွီအန်းယီကမယုံကြည်ပေ။အဲ့လောက်ရိုးရှင်းတယ်လား။

{ဒါ့ပြင်}

ရှောက်ရုံက သာမန်ကာလျှံကာပြောလာသည်။

{အားချန်က အဲ့ဇာတ်ကားရဲ့ရင်းနှီးမြှုပ်နှံသူဖြစ်လာပြီး ရှောင်ကျိကလည်း သရုပ်ဆောင်ဖြစ်တယ်လေ။သူက
အဲ့ဒိဒရမ်မာရဲ့ ရှူးဂါးဒယ်ဒီဖြစ်သွားရုံသာမက ဇာတ်ကားစရိတ်ထောက်ပံ့တယ်ဆိုတဲ့ခေါင်းစဉ်အောက်ကနေ ရှောင်ကျိနဲ့လည်းရက်အနည်းငယ်လောက်ကုန်ဆုံးနိုင်တယ်ဆိုတော့ကာ လုံးဝပါဖက်ပဲပေါ့}

ယောက်ရှိုးယွမ်ကချက်ချင်းစာပြန်လာသည်။

{ဟားဟားဟားဟား ဒီခွဲခြမ်းစိတ်ဖြာမှုကဖြစ်နိုင်ချေရှိတယ်။အားချန်ရေ စဉ်းစားကြည့်ပါဦးကွ}

တစ်ခြားသူတွေက သူမရဲ့အတွေးယာဉ်ကြီးကိုဖြတ်တောက်ဖို့ တစ်ခုပြီးတစ်ခုဆက်တိုက်ပြောနေကြသော်လည်း ယွီအန်းယီကတော့ တစ်ခုခုကအတော့်ကိုမှန်မနေဘူးလို့ခံစားနေရတယ်။သူမအများကြီးထပ်တွေးမနေတော့ဘဲ ချူချန်ကိုသာ ပြန်ဆန်းစစ်ကြည့်လိုက်၏။

{ရိုက်ကူးရေးအဖွဲ့ဝင်တွေရှေ့မှာကျိချင်းကျိုးကိုကူညီခဲ့တာမလား။ထုတ်လုပ်သူနဲ့ဒါရိုက်တာက သူ့ကိုမထွက်သွားစေမှာအသေအချာပဲ။သူတို့သူ့ကိုမရှာခင်အရင်းအနှီးထည့်ရမလား မထည့်ရဘူးလား စဉ်းစားထားရမယ်လေ}

ချူချန်ဟာ သူတို့တွေပြောနေဆိုနေကြတာကိုကြည့်ပြီး အဲ့အကြောင်းကိုစဉ်းစားစရာတောင်မလိုဘူးထင်မိတယ်။ကျိချင်းကျိုးက ခေါင်းဆောင်မင်းသားမဟုတ်ဘူး။သူက ဇာတ်ပို့နေရာတစ်ခုကပဲသရုပ်ဆောင်ရတာ။
အကယ်၍ သူ ဒီဒရမ်မာကိုရင်းနှီးမြှုပ်နှံပြီးရုပ်ရှင်ဆက်ရိုက်ကူးနိုင်ရင်တောင် အဆုံးမှာဖြစ်နိုင်ချေနှစ်ခုရှိလာမယ်။
(1) အဲ့ရုပ်ရှင်ပြသပြီးလို့ လူကြိုက်မများခဲ့ဘူးဆို ပိုက်ဆံမဆုံးရှုံးရင်တောင် အကြီးဆုံးကံကောင်းမှုဖြစ်‌နေပြီ ။ (2) အဲ့ရုပ်ရှင်ပြသပြီးလို့ အောင်မြင်လာရင် ပိုက်ဆံရမယ်ဆိုပေမယ့် TV drama အများစုလိုမျိုးဆို အရင်ဆုံးနာမည်ကြီးမှာက မင်းသားနဲ့မင်းသမီးပဲ။အပိုင်းနည်းနည်းပဲပါတဲ့ ဇာတ်ပို့နေရာက ကျိချင်းကျိုးကျ ဖန်တွေကိုဆွဲဆောင်နိုင်စွမ်းက အကန့်သတ်ရှိမှာပဲလေ။ခြုံငုံကြည့်ရင် အကျိုးအမြတ်အရဆုံးက ချန်ကျိယွမ်ဖြစ်မှာ။
ချန်ကျိယွမ်ကိုအကျိုးပြုဖို့ သူ့ပိုက်ဆံသုံးပြီးသဘောတူရအောင်လည်း  ချူချန်က သူ့ကိုယ်သူအဲ့လောက်သဘောထားကြီးတဲ့လူလို့မထင်မိဘူး။ ထို့ကြောင့် ဘာမှစဉ်းစားစရာမလိုပေ ။ဘယ်လိုရလဒ်ထွက်ထွက်ကိစ္စမရှိဘူး နှစ်ခုလုံးကမကောင်းတာတွေချည်းပဲ။

ချူချန် ကျိချင်းကျိုးကိုစိတ်မပူဘူး။တကယ်တော့ သူ့လက်ဝယ်ပိုင်ထားတာတွေအများကြီးရှိတယ်လေ။ဒီရိုက်ကူးရေးတကယ်ရပ်သွားလည်းရတယ်။ကျိချင်းကျိုးတွက်တစ်ခြားတစ်ခုရှာပေးရုံပေါ့။သူလည်းလုံးဝဒုက္ခရောက်တော့မဟုတ်ဘူး။ဒီဇာတ်ကားမှာရင်းနှီးရမယ်လား! မေ့လိုက်တော့!

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now