{98}

4.5K 890 114
                                    

Unicode

ကျိချင်းကျိုးပြောခဲ့ပါသော “တစ်ခြားသူတွေရှေ့မှာရှိတဲ့ကျွန်တော်နဲ့ခင်ဗျားရှေ့က ကျွန်တော်ကမတူဘူး” ဆိုသည့်စကားအား သူမှတ်မိပါ၏။

ဒါပေမယ့် အခုချိန်၌ ထိုမတူညီမှုအား ချူချန်မမြင်ရပေ။

သူ့မျက်လုံးတွေဖိမှိတ်လိုက်ပြီး နှလုံးသားအောက်ခြေမှ လှိုက်တက်လာသော ခံစားချက်ဆိုးဆိုးရွားရွားတွေကို ဖိနှိပ်ပါရင်း ဖွဖွလေးပြောလိုက်မိသည်။

“မွေးနေ့မှာ ပျော်ရွှင်ပါစေ”

“ကျေးဇူး” ကျိချင်းကျိုးက သူ့ကို ပြန်ဖြေသည်။

သူမျှော်လင့်ထားသလိုပဲ ခံစားချက်အပြောင်းအလဲလေးတောင်မရှိခဲ့‌ပါပေ။

ချူချန်သည် လူကို လွှတ်ပေးလိုက်ပြီး တစ်ဖက်လှည့်၍ အဆင်ပြေပါတယ်...အဆင်ပြေပါတယ်....ဟု ကိုယ့်ကိုကိုယ် ဆက်တိုက်နှစ်သိမ့်နေမိတယ်။ဒီလိုဖြစ်သွားမှသာ သူတို့ဝေးကျရင် အနည်းဆုံးတော့ ကျိချင်းကျိုး ဝမ်းမနည်းရတော့ဘူးလေ။ဒါဆို လုံလောက်ပါပြီ။

အစားစားနေစဉ်အတွင် ချူချန်သည် ကြိုပြင်ဆင်ထားပါသောလက်ဆောင်လေးအား ကျိချင်းကျိုးကို ပေးလိုက်သည်။

“ဖွင့်ကြည့်ကြည့်”

ကျိချင်းကျိုး လက်ဆောင်ဘူးကို ယူဖွင့်ကြည့်လိုက်ချိန် သော့တစ်ချောင်းကိုသာတွေ့လိုက်ရ၏။

“ဒါ မြို့တောင်ဘက်ခြမ်းမှာရှိတဲ့ ကိုယ့်အိမ်လေ။စတုရန်းလေးရာလောက်ကျယ်တဲ့ နှစ်ထပ်တိုက်အိမ်လေး။ပစ္စည်းပစ္စအကုန်အပြည့်အစုံရှိပြီးသား။ခြံဝန်းကလည်း သေးသေးလေးပါပဲ။နောက်ပိုင်း မင်း သဘောကျတဲ့ အပင်လေးတွေ၊ပန်းလေးတွေစိုက်ချင်လည်းရတယ်။မင်းစိတ်ကူးထဲမှာရှိတဲ့အတိုင်းပြင်လို့ရတယ်”

ကျိချင်းကျိုးသည် အိမ်တစ်အိမ်လက်ဆောင်ပေးလိမ့်မည်မထင်ထားလျက် ချက်ချင်းငြင်းလိုက်သည်။

“မလိုချင်ဘူး”

“ယူပါ။ကိုယ်က ပေးပြီးရင် ပြန်မယူတတ်ဘူး”

“ဒါပေမယ့် ကျွန်တော်ရှက်တယ်”

သူ ချူချန်ကိုကြည့်လိုက်သည်။ ချူချန်ရဲ့ချစ်သူလို့တောင်ပြောမရတဲ့သူက ချူချန်ရဲ့အိမ်ကို ဘာကြောင့်ယူရမှာလဲ။အဲ့လိုယူပိုင်ခွင့်ရောရှိလို့လား?

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now