{2}

18.5K 1.9K 55
                                    

Unicode

ဖန်ယောင်ရွှမ်းပေါ် ကျိချင်းကျိုးရဲ့အမြင်ကိုပြောပါဆို တစ်လုံးတည်းပဲ : ငါးဆားနူကောင်

စာအုပ်ထဲမှာ ဖန်ယောင်ရွှမ်းက 'ကျိချင်းကျိုး' ကိုသဘောကျခဲ့တာကလည်း သူရဲ့လရောင်ဖြူလေး 'လော့ယွီ'
တွက် အစားထိုးခံအသစ်လေးအနေနဲ့ 'ကျိချင်းကျိုး' ကို အကြွင်းမဲ့သတ်မှတ်ထားသောကြောင့်ဖြစ်သည်။

သူနဲ့ 'ကျိချင်းကျိုး'အတူနေခဲ့စဉ်က ဖန်ယောင်ရွှမ်းသည် ရိုးရှင်းတဲ့လူတစ်ယောက်လို ဟန်ဆောင်နေတုန်းဖြစ်ပေမယ့် အတူနေပြီးနောက် သူရဲ့ စက်ဆုပ်စရာစိတ်ဓာတ်ကိုထုတ်ပြလာခဲ့တယ်။ငါးနှစ် ကြာပြီး ကြီးပြင်းလာတဲ့ခွေးတစ်ကောင်က မင်းကို အမြီးနှံ့ပြရုံဘဲ။ကြီးပြင်းလာတဲ့ဖန်ယောင်ရွှမ်းကတော့ ကိုက်ရုံနဲ့တင် ဒဏ်ရာကိုသွေးချင်းချင်းနီစေတယ်။
ဖန်ယောင်ရွှမ်းနဲ့'ကျိချင်းကျိုး'ရဲ့အချစ်ကိစ္စလေးတွေကိုစာတစ်ကြောင်းတည်းနဲ့အကျဉ်းချုပ်ဖော်ပြနိုင်တယ်။သူ့ရဲ့ကာမဆက်ဆံထားသောဓာတ်ပုံအကြည်တွေနေရာအနှံ့ပျံ့သွားပြီး စီးပွားရေးလောကထဲမှနှုတ်ထွက်ခဲ့ရသည်။
ဘယ်အရေးကြီးစကားလုံးထဲမှာမဆို ဖန်ယောင်ရွှမ်းရဲ့ပြောင်မြောက်သောအချစ်မှတ်တမ်းမှာ ပျောက်ကွယ်နေခဲ့ကြတယ်။

ကျိချင်းကျိုး ဝတ္ထုဖတ်နေချိန်တုန်းကဆို 'ကျိချင်းကျိုး'ရဲ့အမေသေသွားကတည်းက သူ တွေးလိုက်မိတယ်။ ဒါ BEဖြစ်သင့်တယ်လို့ပေါ့....ဒါပေမယ့် မဖြစ်ခဲ့ပါဘူး။သူစိတ်မချမ်းမသာနဲ့ဆက်ပြီးဖတ်ကြည့်တယ်။ဖန်းယောင်ရွှမ်းရဲ့ရက်စက်မှုတွေကိုမြင်လိုက်ရတော့ ဒီတစ်ခါတော့ BE ပဲဟေ့လို့ သူတွေးမိတယ်။ဒါလည်း မဟုတ်ခဲ့ဘူး။
'ကျိချင်းကျိုး'ရဲ့ပြောင်မြောက်တဲ့ပုံတွေထွက်လာပြီး စီးပွားရေးလောက ကနေထွက်သွားဖို့တွန်းအားပေးခံရတော့ BEဖြစ်ရမယ့်အချိန်ပဲလို့ ကျိချင်းကျိုးထင်လိုက်တယ်။သို့သော် ဝတ္ထုနဲ့ 'ကျိချင်းကျိုး'က သူ့ကို"ဖြောင်း"ခနဲပါးရိုက်ကာ ဖန်ယောင်ရွှမ်းကိုခွင့်လွှတ်ဖို့ရွေးချယ်သွားတယ်။

ကျိချင်ကျိုးသည် အပိုင်းတစ်ရာကျော်လောက်ကျန်သေးသောဝတ္ထုကိုကြည့်လိုက်တယ်။ပြီးတော့ စာရေးသူကလည်း Heလို့ ရေးထားသဖြင့် ထိုဝတ္ထုကို စွန့်လွှတ်ဖို့ပဲ တိတ်တိတ်လေးရွှေးချယ်လိုက်တော့သည်။
သူခံစားချင်တာ လိင်တူချစ်သူနှစ်ယောက်ကြားက လှပပြီးချိုမြိန်တဲ့အချစ်ဇာတ်လမ်းပါ။ ခက်ခဲပြီးဒုက္ခပေးနေတဲ့လိင်တူအချစ်ဇာတ်လမ်းမဟုတ်ဘူး။သူအခုထိ မချစ်ဖူးသေးဘူး။ထိုဟာကိုသာဆက်ကြည့်မိရင် အချစ်ကို စိတ်ကူးထဲမှာပဲရှိတဲ့အရိပ်ကြီးတစ်ခုလို သူမကြာခင်မြင်မိတော့မှာပဲ။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now