{124}

4.5K 755 39
                                    

Unicode


ကျိချင်းကျိုးမှာ ရှက်သလိုခံစားလိုက်ရပြီး ကန့်ကွက်လေသည်။

“ကောကလည်းဗျာ...ကောလည်း အသက်မကြီးသေးပါဘူး”

သူသည် လျန်ကျင်းရှင်ကိုကြည့်ကာဖြင့် ပြန်မေးလိုက်သည်။

“ကောမှာရော သဘောကျတဲ့လူရှိလား? မချစ်မိချင်ဘူးလားကော”

“ မင်းဘာသာအချစ်မှာ ပျော်ဝင်ပြီး အရမ်းပျော်ရွှင်နေတာနဲ့ပဲ မင်းဘေးကလူတွေကိုပါ ချစ်မိသွားစေချင်နေတာလား”

“ကောရဲ့ လက်ရှိအနေအထားက အရမ်းကောင်းနေပြီလို့ ထင်ရုံပါ။ပြီးတော့ ကောကို သဘောကျတဲ့ လူတွေအများကြီးရှိနေတဲ့ဟာ တစ်ချိန်လုံး စင်ဂယ်လ်ကြီး လုပ်နေတာတော့ မဖြစ်သင့်ဘူးနော်”

လျန်ကျင်းရှင်က ရယ်မောကာဖြင့်-

“အခုတော့ မရှိသေးပါဘူး”

“ဒါဖြင့်နောက်တော့ရှိလာမယ်ပေါ့”

“မြန်ရင် နောက်နှစ်ပဲ” လျန်ကျင်းရှင်ကပြန်ဖြေတယ်။

လျန်ကျင်းရှင်ရဲ့ နှလုံးသားထဲမှာ တစ်ယောက်ယောက်ရှိပြီးသားထင်တယ်။မဟုတ်ရင် ဒီလောက် အချိန်အတိအကျဖြင့် ဘယ်လို ပြောနိုင်မှာလဲလေ။

“ကောမှာ ကြိုက်တဲ့လူရှိပြီလား?”

“စားပါတော့ ဂျူနီယာလေးရယ် အစား‌အသောက်တွေအေးကုန်ပြီ”

လျန်ကျင်းရှင်က တူတစ်စုံယူ၍ သူ့ပန်းကန်ထဲ ထည့်ပေးသည်။

ပါးစပ်အရမ်းလုံလွန်းသည့် လျန်ကျင်းရှင်ကြောင့် ကျိချင်းကျိုးလည်း ဘာမေးခွန်းမှ မမေးဖြစ်တော့ပါ။

ကြော်ငြာပရိုမိုးရှင်းတွေက ရက်ဆက်တိုက်ဖြစ်နေပြီး ကျိချင်းကျိုးမှာ ပင်ပန်းရသည်။သူ့ကြော်ငြာပရိုမိုးရှင်းအချိန်ဇယားတွေက လျန်ကျင်းရှင်လောက်တော့ မဟုတ်ပေ။ ၃၀ရက်နေ့ရောက်တော့ သူခဏနားခွင့်ရသည်။

ကျိချင်းကျိုးမှာ လူငယ်လေးဖြစ်ရက် အနားယူချင်နေသောကြောင့် ကြော်ငြာတွေ ဆက်တိုက်ရိုက်နေသည့် လျန်ကျင်းရှင်ကိုကြည့်၍ ရှက်မိရသည်။မသွားခင်လေး ညစာဖိတ်ကျွေးကာ မိမိမှာ အနား
ယူပြီးတာနဲ့ ပရိုမိုးရှင်းတွေ လုပ်ဖို့ ပြန်လာမည်ဆိုသည့်အကြောင်း ပြောပြလိုက်သည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now