Intro

22.9K 1.2K 73
                                    

(Unicode)

ကော်ဖီဆိုင်လေးအတွင်း စာအုပ်လေးဖတ်ရင်းချိန်းတွေ့မည့်သူကိုစောင့်နေသူ။ မျက်မှန်အထူကြီးတပ်ထားသည့်အပြင် အဝတ်အစားက အစပုံတုန်းကြီးဖြစ်နေသည်။

အားလုံးပဲတွေ့ရတာဝမ်းသာပါတယ်ခင်ဗျာ့။
ကျနော့်နာမည်ကတော့ Kim Taehyung ပါ။
ကျနော်ကရုပ်ဆိုးတယ်။ပုံတုံးကြီးပေါ့ဗျာ။  မျက်မှန်ကလည်း အထူကြီးတပ်ထားတော့ ကောင်မလေးတွေရဲ့ အာရုံစိုက်ခြင်းကို မခံရဘူးပေါ့။

ဒါပေမဲ့တစ်ခုတော့ တော်ပါသေးရဲ့။
ကျနော်က စာတော်တော့နည်းနည်းခံသာသေးတယ်လေ။
ဘွဲ့ရထားပေမဲ့အလုပ်အကိုင်ကတော့ မရသေးဘူးပေါ့ဗျာ။ရုပ်ဆိုးတော့ ဘယ်ကုမ္ပဏီကမှလက်မခံချင်ဘူး။

လူတွေကလည်းခက်တယ်။ရုပ်ချောမှလူရာသွင်းချင်ကြတာ။

ကော်ဖီခွက်လေးယူကာ တစ်ငုံ့သောက်လိုက်ရင်း
ဆိုင်အပြင်ကို လှမ်းကြည့်လေသည်။

မိုးဖွဲ့ဖွဲ့လေးတွေကျနေပြန်သည်။
ထီးကလည်းမယူလာမိဘူး။
လက်ပတ်နာရီကိုတစ်ချက်ကြည့်ပြန်ကာ သက်ပြင်းချပြန်ရတော့သည်။
ချိန်းထားတဲ့သူကလည်း မလာတော့ တစ်ခုပဲ ရှိတာ့သည်။
အလုပ်ဆက်ရှာရအုံးမည်လေ။

ဘေးလွယ်အိတ်ကိုလွယ်လိုက်ရင်း သူ့မျက်မှန်ထူကြီးကိုပင့်တင်ကာ ကောင်တာသို့သွားလေသည်။

ကော်ဖီအေးလေး ထပ်မှာကာ လက်ထဲကိုင်ထားရင်း...

" အားတင်းထားစမ်း..."

Taehyung ထကာကော်ဖီဆိုင်ကအထွက်
ထိုအချိန်ကော်ဖီဆိုင်ထဲဝင်လာသည့် သူ။

ပခုံးချင်းတိုက်မိသွားရတော့သည်။
ဖြစ်ပြန်ပြီ တနေ့တနေ့ သူများကို ဝင်မတိုက်ရရင် အစာမကျေတဲ့ ကျနော်။

" တောင်းပန်ပါတယ် ခင်ဗျာ့..."

" မမြင်ဘူးလား...လူတစ်ယောက်လုံးကိုဝင်တိုက်ရလောက်တဲ့အထိ ခင်ဗျားမျက်လုံးတွေက ကန်းနေလို့လား..."

မောက်မာသည့်လေသံတို့ကြောင့် သူစိတ်ကတိုရတော့သည်။
သူ့ကို မကြည့်ဘဲတစ်ယောက်တည်း ဒေါသတွေဖြစ်နေသည်။

မမြင်လို့မျက်မှန်တပ်ထားပါတယ်ဆို ကန်းနေလားဆိုတော့ ရူးကြောင်ကြောင်နဲ့။

ဂယက်အပေါင်းနှင့် ကင်မ်ထယ်ယောင်း(Completed) Where stories live. Discover now