Part-5

10.3K 936 105
                                    

(Unicode)

" စာသင်နေတာကို အာရုံစိုက်စမ်း Jungkook..."

" စိုက်နေတာပဲကို..."

တကယ်ပြောရခက်တဲ့ Zero ကောင်။
ကျနော်သူ့ကို စာသင်ပေးနေတာ အခုဆိုလတွေကြာနေပြီ။
စာမေးပွဲကြီးရောက်ဖို့တောင် အချိန်က တစ်ပတ်ပဲလိုတော့တာကို အခုထိပေါ့ပျက်ပျက်လုပ်တုန်း။

" မလိမ်နဲ့...မင်းငါစာပြနေတဲ့တစ်လျှောက်လုံး
ငါ့မျက်နှာပဲလိုက်ကြည့်နေတာလေ..."

" မင်းက ကြည့်လေ ကြည့်လေ ရုပ်ဆိုးလေဖြစ်နေတာကို..."

ခွပ်!...

Taehyung Jungkook ခေါင်းကိုခေါက်လိုက်သည်။
ဒါကို ပြုံးဖီးဖီးနဲ့သူ့ကို ကြည့်နေသေးသည်။
တကယ်လည်း သူကျနော့်ကိုပဲကြည့်နေတာ။
ပါးစပ်ကအမြုပ်ထွက်တဲ့အထိ စာသေချာရှင်းပြနေတာကို အာရုံကိုမစိုက်။

" ရုပ်ကဆိုးပါတယ်ဆိုကွာ...စူပုတ်ပုတ်လုပ်နေပြန်ပြီ..."

နှုတ်ခမ်းလေးထော်သွားကာ...

" မင်းနော်...ငါ့အားနည်းချက်ကို ထည့်မပြောနဲ့..."

" ပြောမှာပဲ...မင်းကတကယ်ရုပ်ဆိုးနေတာကို..."

" Jeon Jungkook...မင်းအဲ့လိုမပြောနဲ့ဟာ...
ငါရုပ်စိုးချင်လို့ဆိုးနေတာမှမဟုတ်တာ...ဘယ်သူကရော ရုပ်ဆိုးချင်နေမှာလဲ...မင်းကအမြဲငါ့ကိုဆို နိုင်စားလွန်းတယ်...သူငယ်ချင်းလို့သာပြောနေတာ...မင်းငါ့ကို​အရမ်းအနိုင်ကျင့်တယ်..."

တောက်လျှောက်ပေါက်ပေါက်ဖောက်ပြီးကျနော့်ကို ပြန်ပြောနေသည့်ထိုနှုတ်ခမ်းလေးကို ဆွဲနမ်းပစ်ချင်စိတ်က တဖွာဖွာပင်။
ရုပ်ဆိုးတယ်လို့စနေရတာက သူ့ရဲ့စိတ်ဆိုးပုံလေးကိုအူယားလွန်းလို့ပင်။

" တော်...တော်ပါတော့ဗျာ...ကျနော်မျိုးကြီးကပဲတောင်းပန်ပါတယ်...မင်းကိုရုပ်ဆိုးလို့ အနိုင်ကျင့်နေတာမဟုတ်ရပါဘူးကွာ..."

" ဘာ အနိုင်ကျင့်တာမဟုတ်ဘူးလဲ...မင်းငါ့ကိုစာသင်ပေးဆိုပြီး...အတင်းဆွဲခေါ်လာတဲ့နေ့ကတည်းကစပြီး မင်းစာလည်းသေချာလိုက်မလုပ်ဘူး...အခု စာမေးပွဲဖြေဖို့လည်း အချိန်က တစ်ပတ်ပဲလိုတော့တာနော်...စာလည်းသေချာမလုပ်ဘူး...နောက်ပြီးငါ့ကိုပဲလိုက်စနေတာလေ...
မင်းမလွန်ဘူးလား Jungkook..."

ဂယက်အပေါင်းနှင့် ကင်မ်ထယ်ယောင်း(Completed) Where stories live. Discover now