Part-4

10.3K 1K 76
                                    

(Unicode)

Jungkook Taehyung နဲ့သူငယ်ချင်းဖြစ်နေပြီဆိုတာသိတာနှင့်တပြိုင်တည်းကျောင်းသားကျောင်းသူတွေရဲ့ လှောင်ပြောင်သံတွေကိုလုံးဝမကြားရတော့ချေ။

ဘဲရုပ်စိုးဆိုသည့် အသုံးအနှုန်းတွေလည်းမထွက်လာတော့သလို။ကဲ့ရဲ့တာတွေလည်းမရှိတော့ပေ။
သူနဲ့ကျနော့်ဆက်ဆံရေးတွေကလည်း ဖြောင့်ဖြူးနေခဲ့တော့သည်။

အခုဆိုရင် ကျောင်းကအနိုင်ကျင့်သူတွေကအစ ကျနော့်ကိုပါကြောက်နေကြသည်။
တစ်ခုခုဆို Jungkook က အရင်ကာကွယ်ပေးသည်ကြောင့်ပင်။

တစ်လပင်ရှိနေလေပြီ။သူကျနော့်ကို အရမ်းဂရုစိုက်သည်။
မုန့်တွေလည်းအများကြီးဝယ်ကျွေးတတ်သည်။
Taehyung တစ်ယောက် Jungkookရဲ့အချစ်တွေကိုမမြင်နိုင်သေးပေ။

သူ့အပေါ်ကောင်းပေးနေသည်ကို သာမာန်အနေနဲ့သာထင်မှတ်နေသည်။

ဘေးထိုင်ခုံတွင်ထိုင်နေသည့် Jungkook ကတော့ Taehyung ကိုအသေးစိတ်ကြည့်ကာ ပြုံးနေလေရဲ့။
လက်ထဲမှ ဘောပင်ကို သွားဖြင့်တတိတိကိုက်နေသေးသည်။

မျက်တောင်စိတ်စိတ်လေးတွေ၊နှာတံစင်းစင်းတွေ၊မျက်လုံးလှလှလေးတွေ။
အိုးဟိုး...လူကိုရူးအောင်ပြုစားနေတာပဲ။

အသည်းပုံနှုတ်ခမ်းလေးကကွာ ကိုက်ဆွဲပြီး ခံတွင်းထဲငုံ့ထားချင်စရာလေးပဲ။

တဖွဖွနမ်းချင်စရာလေး။ဟိုတခါပထမဆုံးအကြိမ်နမ်းမိပြီးကတည်းက ထပ်ကိုမနမ်းဖြစ်သေးတာ။

နောက်တစ်ကြိမ် ထိုနှုတ်ခမ်းလေးကို အားရှိတိုင်း
နမ်းရှိုက်ပစ်ရရင်ဖြင့် အာဂပါးစပ် လူဖြစ်ရကျိုးနပ်လေပြီ။

Jungkook Taehyung နှုတ်ခမ်းလေးကိုစိုက်
ကြည့်ကာ နှုတ်ခမ်းတွေအကြိမ်ကြိမ်သပ်ကာတံတွေးတွေလည်း ခနခနမြိုချနေတော့သည်။

ကတောက်...မင်းကွာ။စိတ်ရှိတိုင်းအကြမ်းပတမ်းနမ်းမိရင် ဘဲရုပ်စိုးလေးငိုမည်ဆိုတာကျိန်း​သေသည်။

ဆရာရှိနေသည်ကိုတောင်သတိမရတော့သည့် Jungkook...

Taehyung ကို သူ့စိတ်ထဲရှိတဲ့အတိုင်းကြမ်းပစ်ချင်နေတော့သည်။

ဂယက်အပေါင်းနှင့် ကင်မ်ထယ်ယောင်း(Completed) Where stories live. Discover now